လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံရ

  • 9 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် Getty
Image caption နိုင်ငံတကာ ငြိမ်းချမ်းရေး ဌာနက ဒေါ်စုကို လွတ်မြောက်ရေးဆု ချီးမြှင့်

အရင် ယူဂိုဆလပ် ပြည်ထောင်စု အဖွဲ့ဝင် ဖြစ်တဲ့ ဘော့စနီးယား ဟာဇီဂိုဗီးနား နိုင်ငံဟာ လွတ်လပ်ရေး ကြိုးပမ်းမှု စစ်ပွဲတွေ ၊ လူမျိုးရေး တင်းမာမှုတွေနဲ့ အများကြီး ကြုံခဲ့ရတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒီနိုင်ငံမှာ အခြေစိုက် ဖွဲ့ထားတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ဌာနက နှစ်စဉ်ပဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးမှာ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူတွေကို အသိအမှတ်ပြု ဂုဏ်ပြု ခဲ့ပါတယ်။

ဒီနှစ်တော့ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ဖို့ ရွေးချယ် ခဲ့ပါတယ်လို့ နိုင်ငံတကာ ငြိမ်းချမ်းရေး ဌာန က ပြောပါတယ်။

မနေ့က အခမ်းအနားမှာ ဆုချီးမြှင့် ခဲ့တဲ့ ဂုဏ်ပြုလွှာကို ဆာရာဂျေဗို ငြိမ်းချမ်းရေး ဌာနက ဒေါ်အောင်ဆန်းစုကြည် ဆီကို ရောက်အောင် ပေးပို့ သွားမယ်လို့ သိရပါတယ်။