သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အုန်းပင် ကို အုန်းဘင်လို့ အသံထွက် သလား

  • 9 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် mtn
Image caption အလင်္ကာ ပုလဲပန်း

အုန်းပင်၊ ထန်းပင်၊ ခံပင်၊ ညောင်ပင်၊ မရမ်းပင်၊ မကျည်းပင် တို့မှာ ပင်ကို ဘင်လို့ အသံထွက် ပြောင်းပါတယ်။

သရက်ပင်၊ စဗျစ်ပင်၊ သနပ်ပင်တို့ ကိုတော့ အသံထွက် ပြောင်းစရာမလိုပါဘူး။

လယ်ကွင်းကို လယ်ဂွင်း လို့ အသံထွက်ပြောင်းပါတယ်။ ရေချမ်းစင်ကို ရေချမ်းဇင်လို့ အသံထွက် ပြောင်းပါတယ်။

ဘာ့ကြောင့် တချို့ကို အသံထွက် ပြောင်းပြီး တချို့ ကို အသံထွက် မပြောင်းတာပါလဲ။