ဗြိတိန်က မြန်မာကို လာမဲ့ ၄ နှစ်အတွင်း ပေါင် ၁၈၅ သန်းထောက်ပံ့မယ်ဆို

  • 14 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရက အကူအညီ တိုးပေးမယ်လို့ ဆို

ဗြိတိန် နိုင်ငံ ပင်လယ် ရပ်ခြားဖွံ့ဖြိုးရေး ဌာနက DFID မြန်မာ နိုင်ငံကို အကူအညီတွေ တိုးပေးမယ်လို့ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ထုတ် The Independent သတင်းစာ ထဲမှာ ဖော်ပြထားပါတယ်။

အခု လက်ရှိ မြန်မာ နိုင်ငံကို ဗြိတိသျှအစိုးရပေးနေတဲ့ အကူအညီတွေက တစ်နှစ်ကို စတာလင်ပေါင် သန်း ၃၀ ဝန်းကျင် ပဲ ရှိပါတယ်။

အခုတော့ လာမယ့် လေးနှစ် အတွင်း ၁၈၅ သန်း ထောက်ပံ့မယ်လို့ ဆိုတာကြောင့် တစ်နှစ်ကို ထောက်ပံ့ငွေ ပေါင် ၄၆ သန်းကျော် ရှိသွားမှာ ဖြစ်ပါတယ်။

DFIDဟာ သူ့ရဲ့ အကူအညီတွေကို ပြည်ပက အဖွဲ့ အစည်း တွေထက် ပြည်တွင်းက အဖွဲ့ အစည်းတွေကိုသာ ပေးချင်နေတာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Burma Campaigh UK ကပြောကြားခဲ့ပြီး ဒါဟာ DFID အနေနဲ့ လူမှုရေးအကူအညီကို သုံးပြီး နအဖနဲ့ ဆက်သွယ်ရေး လမ်းကြောင့်ဖွင့်ဖို့ ကြိုးစားတာလို့ Burma Campaign UK ဒါရိုက်တာ Mark Famaner က ပြောပါတယ်။

DFID အနေနဲ့ ပြည်တွင်း ပြည်ပ နှစ်နေရာစလုံးက လူမှုရေးလုပ်ငန်းတွေမှာ အညီအမျှ အကူအညီ ပေးသင့်ပြီး အထူးသဖြင့် အကူအညီ ဖြတ်တောက်ခံနေရတဲ့ နယ်စပ်ဒေသက ဒုက္ခသည်တွေကို အကူအညီပိုပေးသင့်တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် မြန်မာအရေး ကူညီဆောင်ရွက်ပေးနေသူတွေ နယ်စပ်ဖြတ်ကျော် အကူအညီပေးကိစ္စတွေကို DFID အနေနဲ့ မျက်ကွယ် ပြုမထားသင့်ဘူးလို့

Burma Campaign UK ဒါရိုက်တာ Mark Famaner က ဆိုပါတယ်။