သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မမလေးတို့ ပျို့ဦးရင်

  • 16 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် mtn
Image caption အလင်္ကာ ပုလဲပန်း မမလေးတို့ ပျိုဦးရင်

လူငယ်တွေက အုန်းပင်ကို အုန်းဘင်လို့ အသံမထွက်ပဲ အရေးအတိုင်းပဲ အုန်းပင်လို့ အသံထွက်ကြတာကို စိတ်ပျက်မိတယ်လို့ ကဗျာဆရာကြီး ကိုလေး အင်းဝဂုဏ်ရည် ကပြောပါတယ်။

ဒါ့ထက် ပိုဆိုးတာက ကသတ်နဲ့ တသတ်ကို မကွဲပြားတာ လို့ဆိုပါတယ်။ အသံထွက်ရာမှာ ကွဲအောင် မထွက်တတ်ကြတော့ သတ်ပုံမှာပါ မှားရေးလာတယ် လို့ဆိုပါတယ်။ ရေခွက်ကိုတောင် ရေခွတ်လို့ ရေးလာတာ တွေ့ရတယ်လို့ဆိုပါတယ်။

မမလေးတို့ ပျိုဦးရင် ဆိုတဲ့ ကျေးလက် တေးသီချင်းပါ စာသားကို ကျောင်းသားတွေတင်မက ဆရာတချို့ကပါ နားမလည် ကြဘူးလို့ လည်းဆိုပါတယ်။ မမလေးတို့ ပျိုဦးရင်ကို သရက်ပင်၊ မာလကာပင်၊ သင်္ဘောပင်တွေ စိုက်ထားတဲ့ ဥယျာဉ်နဲ့ မှားယွင်း ရှင်းပြကြတယ်လို့ ဆိုပါတယ်။

ဗမာ အလှူရှင်ပြုတွေမှာ ရှင်လောင်းက ကိုယ့်ထက် အသက်ငယ်ရင် ရှင်လောင်းကို သူ့ချစ်သူက မောင်ရင်လို့ ခေါ်ပါတယ်။

ရှင်လောင်းက ကိုယ့်နဲ့ ရွယ်တူရင် ကိုရင်လို့ ခေါ်ပါတယ်။

ရှင်လောင်းက ကိုယ့်ထက် အသက်ကြီးရင်တော့ ဦးရင်လို့ ခေါ်ပါတယ်။