ဘုန်းကြီးကျောင်းဖျက်ခံရလို့ ဘင်္ဂလားဒက်ရှ်မှာ ဆန္ဒပြ

  • 17 ဖေဖော်ဝါရီ 2011
မြစ်နားရှိ သံဖြူမြန်မာကျောင်းအဖျက်ခံရပုံ
Image caption မြစ်နားရှိ သံဖြူမြန်မာကျောင်းအဖျက်ခံရပုံ

ဘင်္ဂလားဒက်ရှ် မြန်မာနယ်စပ် Cox's Bazaar မြို့ခရိုင်ရုံးမှာ ဘာသာစုံက လူ၃၀၀ကျော်စုဝေးဆန္ဒပြကြပါတယ်။

မြစ်နားကျေးရွာရှိ နှစ်ပေါင်း၃၀က တည်ဆောက်ထားတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်းကို ဘာသာခြား မွတ်စလင်တွေက မြေနေရာ လိုချင်တဲ့အတွက် ဖျက်ဆီးခဲ့ရာ အတော်ပျက်စီးနေလို့ အခုလို မကျေမနပ် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

အခုဆန္ဒပြရာမှာ ဒေသခံရခိုင် ဗုဒ္ဓဘာသာတွေ အပါအဝင် ခရစ်ယန် ဟိန္ဒူ မွတ်စလင်တွေလည်း ပါဝင်ပါတယ်။

ခရိုင်အာဏာပိုင်တွေကတက်နက်ဒေသအာဏာပိုင်တွေထံဆက်တင်ပြမယ်လို့ပြောပါတယ်။အခု အာဏာပိုင်တွေကတဆင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ထံတိုင်စာ တစောင် ပေးပို့ခဲ့ ပါတယ်။

ဗုဒ္ဓဘာသာကျောင်းကိုဖျက်ဆီးရုံမက ဘုရားဆင်းတုတွေ အခိုးခံရတာ ဖျက်ဆီးခံရတာတွေလည်းရှိတယ်လို့ မြစ်နား သံဖြူကျောင်းစောင့်ရှောက်ရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်ဇောအောင်က ဘီဘီစီကိုပြောပါတယ်။