မြန်မာနဲ့ တရုတ် ပူးပေါင်း ရေနံချက် စက်ရုံ တည်ဆောက်တော့မယ်

  • 18 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရေနံချက် စက်ရုံ

မြန်မာ အစိုးရဟာ တရုတ်နိုင်ငံနဲ့ ပေါင်းပြီး တနေ့ကို စည်ပေါင်း ငါးသောင်းခြောက်ထောင် ထုတ်လုပ်နိုင်မယ့် ရေနံချက် စက်ရုံတခု တည်ဆောက်တော့မယ်လို့ စွမ်းအင်ဝန်ကြီးဌာန အရာရှိ တယောက်က ပြောကြောင်း ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံ ရေနံပိုက်လိုင်းက တဆင့် တင်သွင်းလာတဲ့ အရှေ့အလယ်ပိုင်းက ရေနံစိမ်းတွေကို မြန်မာနိုင်ငံက ရေနံချက် စက်ရုံမှာ သန့်စင်ချက်လုပ်မှာ ဖြစ်ပြီး ပိုက်လိုင်းကို ဆက်သွယ် တည်ဆောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးနားက မြို့သာမှာ တည်ဆောက်မယ့် ရေနံချက် စက်ရုံကို တရုတ်နိုင်ငံက ၅၁ ရာခိုင်နှုန်း ထည့်ဝင်ပြီး အကျိုးတူ ခံစားဖို့ သဘောတူ ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဗုဒ္ခဟူးနေ့တုန်း ကလည်း ကျောက်ဖြူ စက်မှုဇုံ ၊ ရေနက် ဆိပ်ကမ်းနဲ့ ရထားလမ်း တည်ဆောက်ရေး စီမံကိန်းတွေ အတွက်လည်း မြန်မာနဲ့ တရုတ် ကြား နှစ်ဖက် သဘောတူ စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့တယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။