မွန်အမျိုးသားနေ့ ပြည်တွင်းပြည်ပကျင်းပ

  • 19 ဖေဖော်ဝါရီ 2011
မွန်အမျိုးသားနေ့ ပိုစတာ
Image caption မွန်အမျိုးသားနေ့ ပိုစတာ

ဖေဖေါ်ဝါရီ(၁၉)ရက်နေ့ဟာ (၆၄) ကြိမ် မြောက် မွန်အမျိုးသားနေ့ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ မွန်အမျိုးသားနေ့ ကို မွန်ပြည် နယ်သံဖြူဇရပ် မြို့ကို ဗဟိုပြုပြီး ကျင်းပကြသလို မွန်ပြည်သစ်ပါတီ ကတော့ သူတို့ရဲ့ ဗဟိုစခန်းဝန်းကျင်မှာ ကျင်းပကြ ပါတယ်၊၊

ဒီတော့မွန်လူမျိုးတွေရဲ့ လိုလားချက်က ဘာတွေ လဲ၊ လက်ရှိ ရှိနေတဲ့မွန် နိုင်ငံရေးပါတီတွေ ကတော့ လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံးနေတဲ့ မွန်ပြည် သစ်ပါတီရယ်၊ ပြီးတော့ နအဖ ဥပဒေဘောင်အတွင်းမှာ လှုပ်ရှားနေတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရယ်ဘဲ ရှိပါတယ်၊၊

သူတို့ဟာကိုယ့်ကြမ္မာ ကိုယ့်ဖန်တီးပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အတူတူရည်မှန်းကြပေမယ့် လက်တွေ့အကောင်အထည်ဖေါ်မဲ့ လမ်းကြောင်း ကတော့ မတူညီကြပါဘူး။ မွန်ဒေသလုံး ဆိုင်ရာပါတီကတော့ အတူတကွ ယှဉ်တွဲနေထိုင်ရေးကို အကြောင်းပြုပြီး လက်ရှိလွှတ်တော်မှာ ပါဝင်ဆောင် ရွက်သွားဖို့ ရည်ရွယ်ပေမဲ့ အခက်အခဲ တော့ ဖြစ်နေပြီလို့ ပါတီဥက္ကဌ နိုင်ငွေသိမ်းက ဆိုပါတယ်၊၊

မွန်ပြည်သစ်ပါတီကတော့ နိုင်ငံရေးပြသနာကို နိုင်ငံရေးအရဖြေရှင်းခွင့် မရှိတဲ့ အခြေအနေ မှာ နအဖကလည်း လက်နက်ချဖို့သာ ဖိအားပေး လာနေတော့ သူတို့ရဲ့ (၁၅)နှစ်တာ အပစ် အခတ်ရပ်စဲရေးကို ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် မွန်ဒေသလုံး ဆိုင်ရာပါတီရဲ့ ကြိုးပမ်းမှု ကိုတော့ ထောက်ခံတယ်လို့ အထွေအထွေ အတွင်းရေးမှုးဖြစ်တဲ့ နိုင်ဟံသာက ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ မွန်လူမျိုးတွေဟာ မိမိတို့ရည်မှန်းချက်ကို ရရှိဖို့အတွက် (၁၉၄၈) ခုနှစ် ကတည်းက စတင်ပြီး ဥပဒေတွင်းရော လက်နက်ကိုင်လမ်းစဉ်နဲ့ပါ ကျင့်သုံးပြီး အခုထိ တိုက်ပွဲဝင်နေဆဲလို့ ပြောရမှာဖြစ်ပါတယ်။ အဲဒီစိတ် ဓါတ်တွေဟာ ဒီကနေ့ကျင်းပတဲ့ စည်းကားလှတဲ့ အမျိုးသားနေ့ အခမ်းအနားကို ကြည့်ရင် ခေတ်လူငယ်တွေဟာ မွန်အလံ တော်တွေကို ကိုင်ဆောင်ပြီး မြို့တိုင်းရွာတိုင်း အရောက် တက်ကြွစွာ လှည့်လည် နေတာကို မြင်တွေ့နိုင်ပါတယ်၊၊