လယ်မြေသိမ်းပြီး ငါးကန်တူး

  • 21 ဖေဖော်ဝါရီ 2011
_paddy
Image caption လယ်မြေနေရာ မှာ ငါးကန်တူး

ပဲခူးတိုင်း အနောက်ခြမ်း လက်ပန်တန်းမြို့နယ် ဂုံမင်းကွင်းကျေးရွာ က လယ်သမားတွေရဲ့ လယ်ဧက ငါးရာ ကို ပိုင်ရှင်တွေ အသိမပေးပဲ မြို့နယ် ဆည်မြောင်းဌာနမှူးက ငါးကန်တူးလိုက်တဲ့ အတွက် လယ်သမားတွေ ဆုံးရှုံးနစ်နာ ကြရပါတယ်။

ဒီအကြောင်းကို သက်ဆိုင်ရာ မြို့နယ် မယက အပါအဝင်၊ လယ်ဆယ် ဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အထိ တင်ပြသော်လည်း အကြောင်း မထူးတဲ့ အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို တိုင်းတန်းရတဲ့ အကြောင်းလဲ ဘီဘီစီ ကို ရှင်းပြပါတယ်။

ငါးကန်တွေကြောင့် လယ်မြေတွေ ပျက်စီးကုန်လို့ ပြုပြင်ဖို့ အတွက် မြစ်မခ ချောင်းကို ပိတ်ရမှာ ဖြစ်ပေမဲ့ ငါးကန်တွေ ပျက်စီး မှာမို့ မင်းလှမြို့နယ် ဆည်မြောင်းဌာနမှူး က ကန့်ကွက်တဲ့ အကြောင်း လယ်သမားတွေက ရှင်းပြပါတယ်။