သာသနာ့နုဂ္ဂဟ အသင်းများအတင်းဖွဲ့

  • 23 ဖေဖော်ဝါရီ 2011
ကြံ့ခိုင်ရေးအသင်းက ဘာသာရေးအသင်းဖွဲ့နေ
Image caption ကြံ့ခိုင်ရေးအသင်းက ဘာသာရေးအသင်းဖွဲ့နေ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးခင်ရွှေခေါင်းဆောင်ဖွဲ့စည်းထားတဲ့ သာသနာ့ နုဂ္ဂဟ အသင်းတွေဟာ အဆောက်အဦးနေရာရဖို့ အာဏာသုံးဖိအားပေးမှုတွေကြောင့် ပြဿနာတွေဖြစ်နေပါတယ်။

ဒီအသင်းမှာအဖွဲ့ဝင်ဖို့ဖိအားပေး အကြပ်ကိုင်မှုတွေကြောင့် ဒါဟာအစီအစဉ်ရှိရှိ ရည်ရွယ်ချက်နဲ့ လုပ်နေတာဖြစ်လို့ ပြည်သူတွေ သတိထားသင့်သလို ဆန့်ကျင်သင့်တယ်လို့ သာသနာ့ဥသျှောင်အဖွဲ့ ပြည်တွင်းရေးရာတာဝန်ခံ ဆရာတော် အသျှင်ပညာနန္ဒကဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံကိုလည်း သာသနာ့နုဂ္ဂဟအသင်းမြို့နယ်ရုံးခန်းဖွင့်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အာဏာသုံး တောင်းယူတာကြောင့် အာဏာပိုင်တွေနဲ့ ရပ်ကွက်လူထုကြားတင်းမာမှုတွေဖြစ်နေပါတယ်။

အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဘာသာကိုလေ့လာ လိုက်စားတဲ့ ဦးလှဝင်းကတော့ အခုလို ဆောင်ရွက်ချက်တွေဟာ ဘာသာရေးကို နိုင်ငံရေးမှာ ခုတုံးလုပ်တာဖြစ်တယ် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်တယ်ဆိုရင်တောင် ဆရာတော်တွေက ဦးဆေင်ပြီး လူတွေကနောက်ကလိုက်ရမဲ့အစား အခုတော့ ကြံ့ခိုင်ရေးကဦးဆောင်နေတာ နည်းလမ်း သိပ်မကျဘူးလို့ဝေဖန်သွားပါတယ်။