ရောစ့်ဒန်ကလေကို ရုံးထုတ်

  • 24 ဖေဖော်ဝါရီ 2011

မြန်မာတိုင်းမ်စ် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ရော့စ် ဒန်ကလေ ကို ကမာရွတ်မြို့နယ် တရားရုံးမှာ ကြာသပတေးနေ့က ရုံးထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ မစ္စတာ ဒန်ကလေ

သူ့ကို လူဝင်မှု ကြီးကြပ်ရေး ပုဒ်မ တစ်ခု ရာဇဝတ်မှု လေးခုတို့နဲ့ စွဲချက်တင်ခဲ့ တာဖြစ်ပါတယ်။

အဲဒီ အမှုတွေ အတွက် တရားရုံးက အာမခံ ပယ်ချ လိုက်ပြီး မတ်လ ၃ ရက်နေ့မှာ နောက်ထပ် ရုံးချိန်းပေး လိုက်ပါတယ်။

မစ္စတာရော့စ်ဒန်ကလေ ကို အသက် ၂၆ နှစ် အရွယ်စန္ဒာဝင်း ဆိုတဲ့ အမျိုးသမီး တစ်ယောက် က မစ္စတာ ဒန်ကလေဟာ သူ့ကိုအန္တရာယ် ရှိစေတဲ့ ဆေးဝါးတွေ တိုက်တယ်၊ တရားမဝင် ပိတ်ဆို့တားဆီးတယ်၊ ထိခိုက် ဒဏ်ရာ ရအောင် ပြုမူတယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ တရား စွဲခဲ့ တာပါ။

တရားရုံးမှာ အဲဒီ မိန်းကလေးရဲ့ ထွက်ဆိုချက် တွေနဲ့ ပတ်သက်ပြီး တရားရုံးကို ရောက်ခဲ့သူ တစ်ယောက်က ပြန်ပြောပြချက်တွေ အရ သိရပါတယ်။ မစ္စတာ ဒန်ကလေလို့ သူရည်ညွှန်းပုံ ရတဲ့ မျက်နှာဖြူ တစ်ယောက်က သူ့ကို ကား နဲ့တင်ပြီး အိမ်ခေါ်သွားပြီး အဖြူရောင် အမှုန့် ခပ်ထားတဲ့ ရေကို သောက်ခိုင်း ပြီးတဲ့နောက် သူ အိပ်ပျော် သွားခဲ့တယ်၊ တခါ နောက် တစ်နေ့မှာ သူရှိနေတဲ့ သိမ်ကြီးစျေးကို အဲဒီ မျက်နှာဖြူက လာခေါ်ပြီး ဆေး ခပ်ထားတဲ့ ရေကို ထပ်တိုက်လို့ သူအိပ်ပျော် သွားပြီး နိုးလာတော့ ကုတင် ခြေရင်းမှာ အဖြူရောင် အမှုန့်တွေကို မီးမြှိုက် ရှူနေတဲ့ သူ့ကို ခေါ်လာသူကို တွေ့တယ်၊ အိမ်ပြန်မယ်လို့ ပြောတော့ တားဆီးပြီး ဆေးမှုန့် တွေကို အတင်း ရှူခိုင်းတဲ့ အပြင် ခေါင်းကိုလည်း အုတ်နံရံနဲ့ တိုက် တယ် လို့ စွပ်စွဲ ပြောဆိုခဲ့ တာတွေကို ကြားခဲ့ရတဲ့ အကြောင်း တရားရုံးကို ရောက်ခဲ့ သူက ပြန်ပြော ပါတယ်။

တရားရုံးမှာ အပြန်အလှန် စစ်မေးပြီးတဲ့ အခါမှာ အမျိုးသမီးက သူ့ဘက်က စွဲဆိုချက် တွေကို ရုပ်သိမ်းလို တယ်လို့ တရားရုံးမှာ တင်ပြခဲ့ ပေမဲ့ တရားရုံးက ချက်ချင်း အဆုံး အဖြတ် မပေး နိုင်ခဲ့ဘူးလို့ လည်း ဆိုပါတယ်။