တိုင်းရင်းသားနယ်မြေဖက် တပ်တိုးချဲ့

  • 28 ဖေဖော်ဝါရီ 2011
Tank troops ဓာတ်ပုံ မူပိုင် AFP
Image caption အမြောက်တင် သံချပ်ကားတပ်

စစ်အစိုးရ ရဲ့ နယ်ခြားစောင့်တပ် အဖြစ် လက်မခံတဲ့ SSA နဲ့ KIA ထိန်းချုပ် နယ်မြေ တွေ ဖက်ကို စစ်အစိုးရ က အခုရက်ပိုင်း အတွင်းမှာ စစ်အင်အား အပြင် အမြောက်တင် သံချပ်ကား တွေပါ ထပ်မံ ပို့ဆောင်နေပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာ အရှေ့ဖက် ဝိုင်းမော်မြို့၊ စဒုံး ဖက်ကို ဆိုရင် အမြောက်တင် သံချပ်ကား တွေနဲ့ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ စစ်ကားတွေ ရောက်လာလို့ စစ်အင်အား သောင်းဂဏန်း ခန့် လှုပ်ရှားနေကြောင်း KIA က ဘီဘီစီ ကို ပြောပြပါတယ်။

ဒါပေမဲ့ နအဖ အနေနဲ့ ကြီးမားတဲ့ ထိုးစစ်ဆင်မှု လုပ်ဖို့ ဟုတ်ဟန် မတူပဲ၊ နယ်ခြားစောင့်တပ် လက်မခံသေးတဲ့ အဖွဲ့တွေကို ဖိအားပေးတဲ့ သဘော ဆောင်ပုံ၊ အစိုးရသစ် တရားဝင် ဖွဲ့ပြီးရင်တော့၊ တိုက်နိုင်ပေမဲ့ လက်တွေ့မကျပုံ ကို KIA ရဲ့ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းလွမ်းဒေါင် က ဘီဘီစီ ကိုပြောပြပါတယ်။

ရှမ်းပြည်တောင်ပိုင်း နဲ့ မြောက်ပိုင်းခြားရှိ SSA တပ်မဟာ ( ၁ ) ဌာနချုပ် ဝမ့်ဟိုင်း အနီးက မိုင်းနောင်ဒေသ ဖက်ကိုလဲ တပ်အင်အား ဖြည့်နေလို့ တိုက်ပွဲ ဖြစ်လာရင် ပြောက်ကျား စစ် နဲ့ပဲ ခုခံမဲ့ အကြောင်း SSA တပ်မဟာ( ၁) မှ ပြောခွင့်ရ ဗိုလ်မှူး ခေးမောင်းက ဘီဘီစီ ကို ရှင်းပြပါတယ်။