ထိုင်းမှာ အမြဲတမ်း နေထိုင်ခွင့် ပေးဖို့ စိစစ်

  • 28 ဖေဖော်ဝါရီ 2011

ထိုင်းနိုင်ငံမှာ ဆယ်နှစ် ကျော်ကြာ လာရောက် နေထိုင် နေကြတဲ့ အိမ်နီးချင်း နိုင်ငံက လူတွေကို အမြဲတမ်း နေထိုင်ခွင့် ပေးဖို့ ထိုင်း အာဏာပိုင်တွေ က စတင် စိစစ် နေပါတယ်။

Image caption အကြောင်း အမျိုးမျိုးနဲ့ ထိုင်းနိုင်ငံကို ပြေးလာတဲ့ ဒုက္ခ သည် တွေ အများ အပြား ရှိ

အဲဒီသူတွေကို အမြဲတမ်း နေထိုင်ခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်တဲ့ အတွက် နေထိုင်ခွင့် လက်မှတ် ထုတ်ပေးဖို့ ထိုင်းနယ်စပ် တစ်လျှောက်မှာ ဖေဖော်ဝါရီလ ၂၈ ရက် တနင်္လာနေ့ ကနေ မတ်လ ၃၁ ရက်နေ့ အထိ စိစစ် သွားမှာ ဖြစ်ပါတယ်။

အရောင် အလိုက်ခွဲခြား ထားတဲ့ နေထိုင်ခွင့် ကဒ်ပြားတွေ ကိုင်ဆောင်ကြသူတွေ အနေနဲ့ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်တွေနဲ့ ကိုက်ညီရင် ယာယီ နေထိုင်ခွင့် ကနေ အမြဲတမ်း နေထိုင်ခွင့် အဖြစ် တိုးမြှင့် ပေးဖို့ ထိုင်း ဝန်ကြီးများ အစည်း အဝေးက ဆုံးဖြတ် ထားခဲ့ပြီး ဖြစ်ပါတယ်။

နေထိုင်ခွင့် ကဒ်ပြား ကိုင်ဆောင် ထားကြသူတွေဟာ သူတို့ ထိုင်း နိုင်ငံမှာ ဆက်လက် နေထိုင် နေကြပါတယ် ဆိုတာ ကဒ်ပြား ထုတ်ပေးခဲ့တဲ့ မြို့နယ် တွေကို သွားရောက် သတင်း ပို့ကြရ တယ်လို့ မဲဆောက် မြို့ပိုင် နိုင်က်တ်ဆတ်က် က ပြောပါတယ်။

အခုမှ ရပ်ကွက်၊ ကျေးရွာတို့မှာ စာရင်းသွင်းတဲ့ လူသစ်တွေ ကတော့ သူတို့ နေထိုင်ရာ ရပ်ကွက်က ထိုင်းလူမျိုး တစ်ယောက်က အာမခံ ပေးရမယ်၊ ပြီးရင် တစ်ရပ်ကွက် လုံးကို အစည်းအဝေး ခေါ်ပြီး အဲဒီ သူတွေကို ပြမယ်၊ ရပ်ကွက်ကနေ ထောက်ခံချက် ရပြီ ဆိုရင် ဆယ်နှစ် သက်တမ်းရှိတဲ့ နေထိုင်ခွင့် လက်မှတ်တွေကို ထုတ်ပေး သွားမယ် လို့လည်း မဲဆောက် မြို့ပိုင်က ပြောပါတယ်။

ယာယီ နေထိုင်ခွင့် ရထားပြီးသူတွေကို ပြီးခဲ့တဲ့ နှစ်ကစပြီး ထိုင်းနိုင်ငံမှာ အကြီးစား ခွဲစိပ်ကုသမှုတွေ အပါ အဝင် အခမဲ့ ဆေးဝါး ကုသခွင့်တွေ ပေးခဲ့ပါတယ်။

နိုင်ငံသား မှတ်ပုံတင်ကအစ၊ တခြား ယာယီ နေထိုင်ခွင့် ကဒ်ပြား တွေရဲ့သက် တမ်းဟာ ၅ နှစ်ဖြစ်ပြီး၊ ၅ နှစ်ပြည့်တိုင်း ကဒ်ပြား အသစ် ပြန်လဲရ ပါတယ်။ အခု နောက်ဆုံး ထုတ် ပေးတဲ့ ကဒ်ပြား ရဲ့သက်တမ်း ဟာ ၁၀ နှစ် ဖြစ်လို့ ထိုင်း နိုင်ငံရောက် မြန်မာ နိုင်ငံသား တွေက ၁၀ နှစ်ခံ ကဒ်ပြားလို့ ခေါ်ကြ ပါတယ်။