ချက်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်ကိုဆက်သွယ်

  • 1 မတ် 2011
cze_fm ဓာတ်ပုံ မူပိုင် czech foreign affairs
Image caption ချက်သမ္မတနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး ကာရယ် ရှာဝါဇဲန်ဘာဂ်

ချက်ပြည်သူ့သမ္မတ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး Karel Schwarzenberg က ဒေါ်အောင်ဆန်းစုကြည် ကို တယ်လီဖုန်းမှ တဆင့် ဆက်သွယ် ပြောကြားရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု အပေါ် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းမှု ကို အားပေး ထောက်ခံ ကြောင်း ပြောပါတယ်။

မြန်မာ အရပ်သား အစိုးရ အနေနဲ့လဲ မြန်မာ့ အရေးပြုပြင် ပြောင်းလဲမှု မှာ ပါဝင်ပတ်သက်သူ တွေအပေါ် တုံ့ပြန်ဆောင်ရွက်မှု ကို စောင့်ကြည့်ယင်း ဉရောပ သမဂ္ဂ ရဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု ကို ထောက်ခံမယ် လို့ Mr Schwarzenberg ပြောတာကို ချက်နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက် စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ မှာ လူ့အခွင့်အရေးချိုးဖေါက်မှု တွေကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု လှုံ့ဆော်တဲ့ Burma Campaign မှ တာဝန်ခံ ဇိုယာဖန် အနေနဲ့ Mr Schwarzenberg ပြောသလို အရပ်သား အစိုးရသစ် အနေနဲ့ နိုင်ငံတကာ ဖိအားတွေ လျော့အောင်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တွေ ပြုလုပ်မဲ့ အလားအလာ မြင်ပါသလား ဆိုတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေ ကြည့်ရာမှာ တိုးတက်ဖွယ်ရာ မမြင်ကြောင်း ဘီဘီစီ ကိုပြောပြပါတယ်။

ဉရောပ သမဂ္ဂ အဖွဲ့ထဲ မှာလဲ ဂျာမဏီ နဲ့ အီတလီ နိုင်ငံတွေဟာ မြန်မာအစိုးရ နဲ့ အကျိုးတူ စီးပွားတွေ ရှိနေလို့ ပိတ်ဆို့အရေးယူမှု ကို ထောက်ခံမှု မပြုပုံ ကို ဇိုယာဖန်က ရှင်းပြပါတယ်။