ရွှေဝါရောင် ဦးဆောင်သံဃာတပါး အကျဉ်းမှလွတ်

  • 7 မတ် 2011
burma
Image caption ၂ဝဝရ ခု ရွှေဝါရောင် လှုပ်ရှားမှု

၂ဝဝရ ခု ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုမှာ ဦးဆောင် သံဃာတပါး ဖြစ်သူ ပုသိမ်မြို့ သုခဝတီ ကျောင်းတိုက်မှ ဆရာတော် ဦးတေဇောဘာသ ကို ပြီးခဲ့တဲ့ သောကြာနေ့ က ပုသိမ်ထောင်မှ လျှော့ရက် တနှစ်ခွဲကျော် ပေးပြီး လွှတ်ပေးလိုက်ပါတယ်။

ဆရာတော်ကို လောင်းကစားမှု၊ သာသနာ ညှိုးနွမ်းစေမှု စတာတွေနဲ့ ထောင်ဒဏ်ငါးနှစ် အပြစ်ပေးခဲ့တါပါ။ ဆရာတော် ဟာ ထောင်တွင်းမှာ ထောင်စည်းကမ်း အတိုင်းနေခဲ့လို့ လွတ်လာတဲ့ အကြောင်း၊ ထောင်တွင်းမှာလဲ ကျန်းမာရေး စောင့်ရှောက်မှု ရခဲ့ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

နယ်မြေခံရဲ ကတော့ ဆရာတော်ကို နိုင်ငံရေး မလုပ်ဖို့ မှာကြားကြောင်းလဲ သိရပါတယ်။ သံဃာတော် တွေထဲမှာ အခုလို လွတ်လာသူတွေ ရှိသလို နှစ်ပြည့် အကျဉ်းကျခံပြီး မှ လွတ်လာတဲ့ သံဃာတွေလဲ ရှိကြပါတယ်။

ကိုးလေးလုံး အထိမ်းအမှတ်နေ့ မှာ စာရွက်ဖြန့်ဝေမှု နဲ့ ထောင်ကျခဲ့တဲ့ ဆရာတော်တပါးကတော့ ရောဂါရပြီး မော်လမြိုင်ထောင် မှာ ပျံလွန်ကြောင်း၊ အင်းစိန်ထောင်မှ လွတ်လာတဲ့ သီလရင် ထောင်ထဲမှာ ညှင်းပန်းမှု ခံရတယ် လို့ ကြားရပါတယ်။