KNU နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲပြင်းထန်

  • 11 မတ် 2011
နယ်စပ်တနေရာမှ KNU တပ်ဖွဲ့
Image caption နယ်စပ်တနေရာမှ KNU တပ်ဖွဲ့

တိုက်ပွဲဖြစ်တဲ့ နေရာဟာ ကေအင်ယူတပ်ရင်း ၂၀၁ ထိန်းချုပ်ထားတဲ့၊မောတာ၊ကနဲလေးနဲ့ ဘုရင့်နောင်ကုန်းစတဲ့နေရာ၃နေရာမှာ ဖြစ်ပါတယ်။တိုက်ပွဲ၃ ကြိမ်ဖြစ်ခဲ့တဲ့အထဲမှာ မနေ့က ညနေ၆နာရီကျော်လောက်မှာ ဖြစ်တဲ့၊တိုက်ပွဲဟာ ပိုပြင်းထန်တယ်လို့ ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ရှိသူ တွေကပြောပါတယ်။

ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေအပြောအရ၊အဲဒီတိုက်ပွဲ ၃ ပွဲမှာနအဖ၊ဖက်ကဒုဗိုလ် တယောက်အပါအဝင် ၁၆ ယောက်သေဆုံးပြီးတော့၊ ၁၇ ယောက်ဒါဏ်ရာ ရတယ်လို့သိရပါတယ်။ဒါပေမဲ့၊ဒီအသေ အပျောက်စာရင်းကို ဘီဘီစီကသီးခြား အတည်ပြုနိုင်ချင်းတော့ မရှိသေးပါဘူး။

ဒီဒေသမှာ ဒီကေဘီအေနဲ့နအဖတပ်တွေပြီးခဲ့တဲ့လပိုင်းတုံးက တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ ပြီးတဲ့နောက်ပိုင်းမှာ အခုလိုကေအင်ယူနဲ့ နအဖတပ်တွေတိုက်ပွဲ ဖြစ်လာတာပါ။

နအဖအစိုးရဟာ၊သူ့ရဲ့တပ်ရင်း ၃ ရင်းကိုအခုတိုက်ပွဲဖြစ်တဲ့ဒေသဖက်ကိုထပ်ပို့ထားပြီး၊ရိက္ခာ တွေကိုလည်းနေ့စဉ်သယ်ယူပို့ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီဒေသထဲမှာကေအင်ယူရဲ့ဝေါ်လေခီးစခန်းနဲ့ဒီကေဘီအေ ဗိုလ်နှုပ်ခမ်းမွှေးရဲ့ဌာနချုပ်တွေ ရှိနေတာကြောင့်၊နအဖဟာ အဲဒီနှစ်နေရာထဲက၊တနေရာကို တိုက်ခိုက်နိုင်တယ်လို့နယ်စပ်က အကဲခတ်တွေကပြောဆိုနေကြပါတယ်။