တပ်ပိုင်မြေတွေကိုရောင်းစားတဲ့အတွက် ကန့်ကွက်

  • 18 မတ် 2011
မြန်မာစစ်သားများ ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာစစ်သားများ

တပ်သားတွေရဲ့ စားဝတ်နေရေး ပြဿနာတွေကို မဖြေရှင်းပေးဘဲနဲ့ တပ်ပိုင်မြေတွေကိုရောင်းစား လိုက်တဲ့ အ တွက် ရန်ကုန်တိုင်းမှော်ဘီလေကြောင်းရန် ကာကွယ်ရေးတပ်မ(၁)က တပ်သားတွေဟာ ကန့်ကွက်ကြောင်း တပ်မမှုးထံ စာတင်ကြတယ်လို့ ပါဝင်သူ တပ်ကြပ်တဦးက ဆိုပါတယ်၊၊

မှော်ဘီလေကြောင်းရန်ကာကွယ်ရေးတပ်ပိုင် မြေဧက (၃ဝဝဝ)ကျော်ကို တရုတ်ကုမ္ပဏီနဲ့ ရောင်း လိုက်တဲ့အတွက် ဒီအပေါ်မှာ မှီခိုနေရတဲ့တပ်သားတွေက အလုပ်လက်မဲ့ဖြစ်သွားပါတယ်၊၊ ဒါကြောင့် အင်အား (၇ဝဝ)ကျော်ရှိတဲ့ ဒီတပ်မမှာ (၅ဝဝ)ကျော်ဟာ စုပေါင်းလက်မှတ်ထိုးပြီးတော့ လေကြောင်းရန်ကာကွယ်ရေး တပ်မှုး ဗိုလ်မှုးချုပ် မျိုးဆွေထံကန့်ကွက်ကြတယ်လို့ စာတင် တပ်ကြပ်တဦးက ဘီဘီစီကိုပြောပါတယ်။

သူ့အဆိုအရ မြန်မာချိုင်းနားကုမ္ပဏီနဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီးတပ်ကငါးနဲ့စပါးစိုက်ဧက ၃၀၀၀ ကျော်ကိုသိမ်းလိုက်လို့ စားဝတ်နေရေး ထိခိုက်တဲ့အတွက် အခုလိုစာတင်တာလို့ သိရပါတယ်။

အခုတော့ ကင်းစောင့်ခိုင်းတာမျိုးလိုပေးတဲ့အမိန့်ကို မနာခံတော့ဘူးလို့ အဲဒီတပ်ကြပ်ကပြောပါတယ်။၊၊ ဒါကြောင့် သူတို့တောင်းဆိုထားတဲ့ အချက်တွေကို မဖြေရှင်း ပေးဘဲနဲ့တော့ အရှော့ပေးတော့မှာမဟုတ်ဘူးလို့လဲဆိုပါတယ်။

တကယ်တော့တပ်တွင်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးရေးက ဝင်ငွေတွေကို ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာတော့ ဘာမှပြန်ကြားခြင်းမရှိသေးပါဘူး။ပြီးတော့ အဲဒီတောင်းဆိုမှုတွေ တိုင်းမှာ လည်း အရာရှိတွေရဲ့ပါဝင်မှုနှုန်းဟာ အလွန်နည်းတယ်လို့ ဆိုရမှာပါ၊၊ ဒါပေမဲ့ထူးခြားလာနေ တာက တော့ တပ်တွင်းစားဝတ်နေရေးအခက်အခဲတွေ တောင်းဆိုမှုပိုများလာတဲ့အပေါ်အရေးတယူဖြေရှင်းပေးသင့်တယ်လို့ အကဲခတ်တွေကပြောနေကြပါတယ်။