SSAနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ဖြစ်

  • 15 မတ် 2011
ဓာတ်ပုံ မူပိုင် SHAN
Image caption SSA နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန် လာနေ

ရှမ်းပြည်နယ် အတွင်းမှာ SSA ရှမ်းပြည် တပ်မတော်နဲ့ မြန်မာ အစိုးရ တပ်တွေ အကြား ဒီကနေ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

တန့်ယန်းမြို့ တောင်ဖက် မုံးကောင်းမြို့နားမှာ နေ့လည် ၁၂ နာရီလောက်က ဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း တဖက်ကို လူအင်အား လေးငါးရာလောက် ပါဝင် တိုက်ခိုက် ခဲ့ကြ ပါတယ်။

အစိုးရဖက်က တပ်ဖွဲ့ဝင်တွေ ထဲမှာ မုံးကောင် အခြေစိုက် ခလရ ၃၃က တပ်ဖွဲ့ဝင်တွေ ပါပြီး ဒေသခံ လားဟူ ပြည်သူ့စစ်တွေလည်း စစ်ကူ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အစိုးရစစ်တပ်က လားရှိုး တန့်ယန်းကနေ မိုင်းရှူးတပ်ကို စစ်အင်အား ဖြည့်ဖို့ တက်လာတဲ့ အချိန်မှာ SSA တပ်မဟာ ၁ နေနေတဲ့ နမ့်မလောင်း ရွာနား အရောက်မှာ ရုတ်ခြည်း စတိုက်တာလို့ SSA တပ်မဟာ ၁က အရာရှိတဦးက ပြောပါတယ်။

ဒီတိုက်ပွဲဟာ ရွေးကောက်ပွဲ အပြီး SSA နဲ့ အစိုးရတပ်တွေ အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ထဲမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုင်းရှူးမြို့ မြောက်ဖက် မုံးပိုင် ကျေးရွာမှာ အစိုးရ စစ်တပ်နဲ့ SSA တပ်မဟာ ၁ တပ်တွေအကြား ထိပ်တိုက်တိုးပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

အဲဒီ တိုက်ပွဲတွေ အတွင်း နှစ်ဖက်စလုံး ဖက်က တပ်သား တစ်ယောက်စီ သေဆုံးခဲ့ပြီး ရွာသား တစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။