ဝ ပြည်သွေးစည်းညီညွတ်ရေး စုံညီအစည်းအဝေး

  • 16 မတ် 2011
uwsa
Image caption ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်

ရှမ်းပြည်နယ် အတွင်းက အပစ်ရပ် လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဟာ ရှမ်းပြည်နယ် အတွင်းမှာ စုံညီ အစည်းအဝေး တရပ် ကျင်းပနေပါတယ်။

ဒီအဖွဲ့ဟာ အပစ်ရပ် လက်နက်ကိုင် အဖွဲ့တွေ ထဲမှာ အင်အား အကြီးဆုံး လို့ ပြောနိုင်သလို၊ မြန်မာ နအဖ အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ BGF မှာလဲ ပါဝင်ဖို့ ငြင်းဆန်ထားတာပါ။

အခုလို တပ်တွင်းစုံညီ အစည်းအဝေး ကျင်းပတာနဲ့ ပတ်သက်ပြီး တရုတ်မြန်မာ နယ်စပ်က စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇော ကတော့၊ ပြီးခဲ့တဲ့ နှစ် ဒီဇင်္ဘာလ မှာ ကျင်းပနေကျ အစည်းအဝေးကို အခုမှ ကျင်းပခြင်း ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ် တွေနဲ့ စီမံကိန်းတွေ အတွက် ဆွေးနွေးကြတဲ့ အကြောင်း ဘီဘီစီ ကိုရှင်းပြပါတယ်။

အထူးသဖြင့် တက်လာတဲ့ အစိုးရ သစ်နဲ့ နိုင်ငံရေးအရ၊ နယ်ခြားစောင့်တပ် အကြောင်း၊ အစိုးရ နဲ့ ဝ တပ် အကြား တင်းမာမှု ရှိနေတာကိုလဲ ဆွေးနွေးလိုပုံ ရကြောင်း ဦးအောင်ကျော်ဇော က ပြောပြပါတယ်။