ဂျပန် ဓါတ်ရောင်ခြည်သင့် ပြဿနာကြောင့် ဆားစျေးတက်

  • 18 မတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် နိုင်ငံမှာ ဆားဝယ်ဖို့ တန်းစီ နေကြသူတွေ

ဂျပန်မှာ လက်ရှိ ဖြစ်နေတဲ့ နျူကလီးယား ဓါတ်ရောင်ခြည် စိမ့်ထွက်မှု သတင်း အပေါ် အခြေခံပြီး ဆားတွေ ရှားပါး လာလိမ့်မယ် ဆိုတဲ့ ကောလဟာလ သတင်းကြောင့် တရုတ် မြန်မာ နယ်စပ် က တရုတ်ဖက် အခြမ်း ကျယ်ကောင် ရွှေလီမြို့ တွေမှာ အိမ်သုံးဆားစျေးတွေ မကြုံစဖူး ခုန်တက်သွားခဲ့ပါတယ်။

ရွှေလီနဲ့ ကျယ်ကောင် ဖက်တွေမှာ ဆိုရင် မနေ့က အထိ ခါတိုင်း ပုံမှန် ရောင်းနေကျ ၅ဝဝ ဂ၇မ်ပါတဲ့ ဆားတထုပ်ကို တရုတ် ယွမ်ငွေ ၁ယွမ်ခွဲပဲ စျေးရှိရာက မနေ့ မနက် စောစောပိုင်းမှာ ၃ယွမ် ထိ တက်လာရာက နောက်ပိုင်း ၅ယွမ် ကနေ အခုနောက်ဆုံး ၁ဝ ယွမ်အထိတောင် ဖြစ်သွားခဲ့ပြီး ဆိုင်တွေမှာ ဆားတောင် ဝယ်မရတဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။

ရွှေလီ ကျယ်ကောင် ဖက်မှာ အခုလို ဆားတွေ စျေးခုန်တက်သွားတဲ့ အတွက် တရုတ်ဖက် အခြမ်းက အရောင်းအဝယ် သမားတွေက မြန်မာဖက် အခြမ်းက မူဆယ် အထိတောင် သွားရောက် ဝယ်ကြ ဆွဲကြတဲ့ အတွက် မူဆယ် ဖက်မှာလဲ မြန်မာဆားတွေ အရင်က ၁၅ဝ နဲ့ ၂ဝဝ ကျပ်ဘဲ ရှိခဲ့ရာက အခုတော့ ဆားတထုပ်ကို ကျပ် ၁၅ဝဝ အထိ စျေးတက် သွားခဲ့ပါတယ်။