တပ်တွင်းမကျေနပ်မှု ဖြစ်ပေါ်

  • 22 မတ် 2011
burmese_soldier
Image caption မြန်မာ စစ်သား

မကွေးတိုင်း ရေနံချောင်းမြို့ အထွက် စလင်းတောင်ကြော မှာ ရှိတဲ့ အမှတ် ၆ လေကြောင်းရန် ကာကွယ်ရေး တပ်မ ပိုင် ရေနံမြေ ကို တရုတ်နိုင်ငံပိုင် ကုမ္ပဏီ ကို ရောင်းချ လိုက်တဲ့ အတွက်၊ တပ်တွင်း မကျေမနပ်မှု တွေ ပေါ်ပေါက်နေပါတယ်။

အကျယ်အဝန်း အားဖြင့် ဧက ထောင်ချီရှိ တပ်ပိုင်ရေနံမြေ ကို တရုတ်ပိုင် ချိုင်းနားတောင်း ထရိတ်ဒင်း ကုမ္ပဏီ လက်ထဲ ကို ပြီးခဲ့တဲ့ သီတင်းပတ် က ရောင်းချလိုက်တဲ့ အတွက် ရေနံမြေ ကို မှီခို နေရတဲ့ တပ်သားတွေ အလုပ်လက်မဲ့ ဖြစ်ရာက ကန့်ကွက်စာ တင်တဲ့ အထိ ပြဿနာ တင်းမာလာ ကြောင်း တပ်သားတဦးက ဘီဘီစီ ကို ပြောပြပါတယ်။

စာတင်တဲ့ အထဲမှာ ဗိုလ်မှူး အဆင့်ထိ ပါဝင်လာပြီး တပ်သားတွေ ဖက်ကလဲ သူတို့ စားဝတ်နေရေး ဖြေရှင်းပေးဖို့ တောင်းဆိုရာက အမိန့် မနာခံတဲ့ အထိ ဖြစ်လာနေပါတယ်။

တပ်ပိုင် လယ်ယာမြေတွေ ကို တပ်ရဲ့ သက်သာချောင်ချိရေး အတွက် မူလက ရည်ရွယ်ထားရာက အခုအခါမှာ စစ်အစိုးရ ဟာ နိုင်ငံခြား ကုမ္ပဏီတွေ နဲ့ ရေရှည် စာချုပ်တွေ ချုပ်ဆိုပြီး ရောင်းစားနေတါပါ။