၆၆ နှစ်ပြည့် တော်လှန်ရေးနေ့၊ တပ်မတော်နေ့

  • 27 မတ် 2011
burma_parade ဓာတ်ပုံ မူပိုင် BBC World Service
Image caption တပ်မတော်နေ့ ချီတက်ပွဲ

ကနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ဂျပန်ကို တော်လှန်ခဲ့တဲ့ ၆၆ နှစ်ပြည့် တော်လှန်ရေးနေ့ ဖြစ်တဲ့ အခါမှာ မူလ က ဗိုလ်ချုပ် ချမှတ်ခဲ့တဲ့ လမ်းစဉ်နဲ့ ကိုက်ညီမှု ရှိမရှိ ကို ဆန်းစစ် ကြည့်ပါတယ်။

တပ်မတော် အရာရှိဟောင်း ဦးအောင်ဆက်ပိုင် ကတော့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လမ်းစဉ်ဟာ တပ်မတော် အနေနဲ့ နိုင်ငံတော် ရဲ့ ပြည်တွင်း ပြည်ပ ရန် ကို သာ၊ ကာကွယ်ရေး အလေးထား ယင်း၊ ပြည်သူ အားကိုး၊ ယုံကြည် လေးစားတဲ့ အဖွဲ့အစည်း အသွင် ဆောင်စေလိုပြီး၊ နိုင်ငံတော် အုပ်ချုပ်မှု အာဏာထဲ မှာ ထဲထဲဝင်ဝင် ဖြစ်နေတာ၊ မဟုတ်တဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ယနေ့ လက်ရှိ တပ်မတော်ထဲမှာ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေ အခက်အခဲ နဲ့ ရင်ဆိုင်နေရခြင်းကလဲ၊ ပြည်တွင်းစီးပွားရေး ချွတ်ခြုံ ကျမှု နဲ့ ဆက်နွယ်နေပြီး၊ ထိပ်ပိုင်းတပ်မတော် အရာရှိတွေနဲ့ နီးစပ်သူတွေသာ အခွင့်ထူးခံတွေ ဖြစ်နေပုံ၊ တပ်မတော်သား တွေ အနေနဲ့ မကျွမ်းကျင်တဲ့ နိုင်ငံ အုပ်ချုပ်ရေး၊ စီးပွားရေး တွေမှာ ဝင်ရောက် နေရာ ယူနေ ရာက၊ ဆင်းရဲ ချမ်းသာ ကွာဟမှု များလာပုံ၊ လက်အောက်အရာရှိ အကြပ်တပ်သားတွေရဲ့ လိုအပ်ချက် တွေနဲ့ ကင်းကွာ နေတာ တွေကို ဦးအောင်ဆက်ပိုင်က သုံးသပ် တင်ပြသွား ပါတယ်။