ကလေးစစ်သား အဖြစ်က ထွက်ပြေးလာသူ။

  • 28 မတ် 2011
child_soldier ဓာတ်ပုံ မူပိုင် bbc
Image caption မြန်မာ ကလေးစစ်သား

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မှော်တဲ ကျေးရွာမှ အသက် ၁၄ နှစ် ရွယ်၊ ၇ တန်း ကျောင်းသား မောင်ရှိုင်းဇင်ဦး ကို ၂ဝ၁ဝ နှစ်စ ပိုင်းက တောင်ငူ တပ်မတော် ရိက္ခာထောက်ပံ့ရေးတပ်မှ ဒုတပ်ကြပ် တဦးက စစ်သားစုဆောင်းတဲ့ အနေနဲ့ ခေါ်သွားပါတယ်။

တပ်ထဲမှာ အရွယ်နဲ့ မမျှတဲ့ သေနတ်ကိုင် ပြေးစေခြင်း၊ လမ်းခင်း၊ ပျိုးနှုတ်၊ မြက်နှုတ် စတာတွေ လုပ်ရတဲ့ အပြင်၊ အစားအသောက် မကောင်းလို့ တပ်ထဲမှာ ဆက်မနေချင်ရာက ခွင့်ယူပြီး အိမ်ပြန်လာပုံ ကို ဘီဘီစီ ကို ပြောပြပါတယ်။

ခွင့်စေ့ရာမှာ တပ်ထဲ ပြန်မသွားလိုတဲ့ အတွက်၊ အသက်လဲ မပြည့်သေးတာကြောင့်၊ အိုင်အယ်လ်အို ကို တိုင်ကြားထားပါပြီ။ ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို အနေနဲ့လဲ နှစ်စဉ် လိုလိုအဓမ္မ ကလေးစစ်သား စုဆောင်း ခံရမှုတွေ ဖြေရှင်းပေးနေ ရတဲ့ အခါမှာ အမှုပေါင်း ၃ဝဝ ကျော်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးကို အိုင်အယ်လ်အို က ၂ဝဝ၃ ခု နှစ်ကထဲက ဆောင်ရွက်ပေး နေပေမဲ့၊ အမှုတွေ မလျော့တဲ့ အပြင် ရှိနေဆဲ ဖြစ်ပါတယ်။