ခလရ ၉၁မှာ ပစ်ခတ်မှုဖြစ်

  • 31 မတ် 2011
မြန်မာစစ်တပ် စစ်ရေးပြစဉ် ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြန်မာစစ်တပ် စစ်ရေးပြစဉ်

ဒီနေ့မနံက် (၃)နာရီမှာ ရန်ကုန်တိုင်း မှော်ဘီအခြေချ ခလရ (၉၁)တပ်ရင်းကို လုံခြုံရေးယူထားတဲ့ တပ်တွေ ကတပ်ရင်းဝင်ပေါက် ကင်းစခန်းကို စတင်ပစ်ခတ်လိုက်တယ်လို့ အပစ်ခံလိုက်ရတဲ့ ခလရ(၉၁)က တပ်သားတဦးကဘီဘီစီကိုပြောပါတယ်၊၊

လုံခြုံရေးအခြေအနေက အလွန်တင်းကြပ်လို့အပစ်ခံလိုက်ရတဲ့ တပ်ရင်းကတပ်သားတွေနဲ့ ဘီဘီစီက မိနစ်ပိုင်းလောက်ဘဲ စကားပြောခွင့်ရလိုက်ပါတယ်၊၊

ဖြစ်ပွားပုံက ဒီနေ့မနက်(၃)နာရီအချိန်မှာ တပ်ရင်းဝင်ပေါက်ကင်းတဲက ရဲဘော်တွေ ကင်းချိန်ပြောင်းလဲတဲ့အချိန်မှာ တပ်ရင်းပြင်ပက လုံခြုံရေးတပ် တွေကနေ အရင်ပစ်ခတ်လိုက်တာပါ၊၊ (၁၅)မိနစ်ခန့် လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တယ်လို့ ပစ် ခတ်မှုမှာပါတဲ့ တပ်သားတဦးကပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်တွေကို ရုတ်သိမ်းပေးဖို့ တပ်ရင်းမှုးဒုဗိုလ်မှုး ကြီးသောင်းအေးက ရန်ကုန် တိုင်းတိုင်မှုးထံကိုတင်ပြထားတယ်လို့ဆိုပါတယ်၊၊

တကယ်တော့ဒီပြသနာဟာ ရန်ကုန်တိုင်း မှော်ဘီအခြေချ ခလရ (၉၁)တပ်ရင်းက စားဝတ်နေရေးဖြေရှင်းဖို့အပါအဝင် နိုင်ငံရေး အရအချက်(၄)ချက်ပါ တောင်း ဆိုချက်ကို ရန်ကုန်တိုင်းတိုင်းမှုးထံတင်ပြခဲ့ ကြရာက တုံ့ပြန်မှုဘာမှမရဘဲ အခုလို ပစ်ခတ်တဲ့အထိဖြစ်ပွားခဲ့တာဖြစ်ပါတယ်။လုံခြုံရေးအရတဖက်နဲ့တဖက် အလွန်တင်းမာလျက်ရှိပါတယ်။