အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးရေး

  • 2 ဧပြီ 2011
CRPP အဖွဲ့ဝင်များ
Image caption CRPP အဖွဲ့ဝင်များ

အစိုးရအသစ်ကို အာဏာလွှဲပြောင်းပြီးတဲ့နောက် ဧပြီ ၁ ရက်နေ့ ၁၉၉၀ရွှေးကောက်ပွဲနောက် ပေါ်ပေါက်လာခဲ့တဲ့ စီအာပီပီ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၀င်တွေ အန်အယ်လ်ဒီ ဗဟိုရုံးချုပ်မှာ ဧပြီ ၁ ရက်နေ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဧပြီ ၁ရက်နေ့ မနေ့က စီအာပီပီအဖွဲ့၀င်တွေနဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေ တွေ့ဆုံးဆွေးနွေးတဲ့ပွဲမှာ အခုတက်လာတဲ့ အစိုးရသစ်အနေနဲ့ ပြည်သူ တွေရဲ့ လိုအပ်ချက်တွေကိုအကောင်အထည် ဖေါ်နိုင်မဖေါ်နိုင်စောင့်ကြည့်သွားဖို့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့၊ ပြည်တွင်းစစ်ရပ်စဲပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ အန်အယ်လ်ဒီအပါအ၀င် ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး တာတွေလုပ်သွားဖို့ တောင်းဆိုခဲ့ပါတယ်။တက်လာတဲ့ အစိုးရသစ်အနေနဲ့ ဒီအချက်တွေကို လုပ်မပေးဘူးဆိုရင် ပြည်သူ့ဘက်က ဆက်လက်ရပ်တည်သွားမယ့်အကြောင်း ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

အစိုးရနဲ့တွေ့ဆုံဆွေးနွေးရေးဆိုတာ အရင်ကတည်းကတောင်းဆိုလာတာဖြစ်လို့ ဒီကိစ္စဖြစ်နိုင်ပါ့မလားလို့ စီအာပီပီ အတွေင်းရေးမှူး ဦးအေးသာအောင်ကို ဘီဘီစီက မေးကြည့်တော့အခါ အစိုးရသစ်အနေနဲ့ လုပ်မယ်လို့တော့မမျှော်လင့်ပေမဲ့ ပြည်သူ့အကျိုးအတွက် ဒီအစိုးရရဲ့လုပ်ရပ်တွေကို စောင့်ကြည့်ပြီး ဆက်လက်တောင်းဆို ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။

မနေ့က တွေ့ဆုံခဲ့တဲ့ဆွေးနွေးပွဲမှာ စီအာပီပီအဖွဲ့၀င်တွေဖြစ်တဲ့ အန်အယ်လ်ဒီဒုဥက္ကဋ္ဌ ဦးတင်ဦ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၊ ဦး၀င်းတင်၊ ဦးအေးသာအောင်၊ ဦးပူကျင်ရှင်းထန်နဲ့အန်အယ်ဒီ ဗဟိုကော်မတီ၀င်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။