မှော်ဘီတပ်ကို ရန်ကုန်တိုင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်

  • 7 ဧပြီ 2011
Image caption နအဖလက်ထက် ၂၀၀၉ ခုနှစ် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား

ဧပြီ (၇) ရက်နေ့ - ယနေ့မနက်(၄) နာရီမှာ ရန်ကုန်တိုင်း မှော်ဘီအခြေချ အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက် ခံ တိုက်ကြီးမြို့မှာရှိတဲ့ ခမရ (၇ဝ၉) တပ်ဖွဲ့ တချို့နဲ့ ခမရ(၇၁ဝ) တပ်တွေကို ရန်ကုန် တိုင်း အထူးတပ်တွေက ဝင်ရောက်ပစ်ခတ် ရာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိသွား တယ်လို့ အပစ်ခံခဲ့ရတဲ့တပ်က တပ်ကြပ် ကြီး တဦးက ပြောပါတယ်။

အပစ်ခံလိုက်ရတဲ့ တိုက်ကြီးမြို့က ခမရ ၇ဝ၉ တပ်တချို့နဲ့ ခမရ ၇၁ဝ တပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ တရက်နေ့က အချက် ၄ ချက်ပါတဲ့ တောင်းဆိုချက်ကို စကခမှူး ဗိုလ်မှူးကြီး အောင်သီဟက တဆင့် ရန်ကုန်တိုင်းမှူးထံ တင်ပြရာက တင်းမာမှုတွေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်၊၊

အဲဒီအချက်လေးချက်ကတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရေး၊ စစ်မှုထမ်းဟောင်း ဥပဒေကို ပြင်ဆင်ပြီး လစာတိုးပေးဖို့ အပါဝင် နိုင်ငံတွင်းက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပေးရေးနဲ့ ပြည်သူ့တွေ ထောက်ခံတဲ့ အစိုးရမျိုး ပြန်လည်ဖွဲ့စည်းပေးရေးဆိုတဲ့ အချက်တွေဖြစ်ပြီး၊ ဒီကိစ္စကို ရန်ကုန်တိုင်း တိုင်းမှူးထံ တင်ပြရာက တင်းမာလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတင်းမာမှုကြောင့် ဒီနေ့မနက် (၄)နာရီအချိန်မှာ စတင်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ အခုလို သေဆုံးဒဏ်ရာရရှိမှုတွေ ဖြစ်ခဲ့တာလို့ အပစ်ခံရတဲ့ ခမရ (၇ဝ၉) က တပ်ကြပ်ကြီး တဦးက ပြောပါတယ်။

ခမရ ၇ဝ၉ နဲ့ ၇၁ဝ ပူးပေါင်းတပ်တွေဟာ အင်အား ၅ဝဝ ဝန်းကျင်ရှိပါတယ်။ လုံခြုံရေးတပ် တွေ ကတော့ အင်အား ၂ဝဝ ကျော် ရှိမယ်လို့ ခန့်မှန်းရ ပါတယ်၊၊

ဒါပေမဲ့ အဲဒီလို သေဆုံးဒဏ်ရာရမှုတွေ ဖြစ်လာတဲ့အတွက် စကခမှူးထံ မကျေနပ်ကြောင်း တင်ပြရာက၊ တိုင်းအဆင့် စစ်ဖက်အာဏာပိုင်တွေပါ တပ်ရင်းထဲ အထိ လာရောက် ဖြေရှင်းခဲ့ တယ်လို့ ဆိုပါတယ်။