မြဝတီမှာ ဗုံးကွဲ

  • 8 ဧပြီ 2011

ကရင်ပြည်နယ် မြဝတီမြို့မှာ အချိန်ကိုက်ဗုံးလို့ ယူဆရတဲ့ ဗုံး တစ်လုံး ကြာသပတေးနေ့ ညက ပေါက်ကွဲခဲ့ ပါတယ်။

Image caption မြဝတီ မြို့မှာ ဗုံးပေါက်ကွဲ အပြီး တွေ့ရတဲ့ မြင်ကွင်း

ည ၈ နာရီလောက်က မြတီမြို့ ရှိ အထက်တန်း ကျောင်းအနားမှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုနဲ့ အဆောက်အဦ ပျက်စီးမှုတွေ မရှိခဲ့ပါဘူး။

ပေါက်ကွဲတဲ့ အသံကို အတော် ကျယ်ကျယ် ကြားခဲ့ ရပြီး ည ဘက် ကျောင်းမှာ ဘယ်သူမှ မရှိတဲ့ အချိန် ပေါက်ကွဲမှု ဖြစ်ခဲ့လို့သာ ထိခိုက် သေဆုံးမှု မရှိတာလို့ မြဝတီမြို့ခံ တစ်ယောက်က ပြောပါတယ်။

စာသင်ကျောင်း အနားမှာ ဗုံးပေါက်ကွဲ ခဲ့တဲ့အတွက် ကျောင်းသား မိဘတွေက ကျောင်းဖွင့် ချိန်မှာ သူတို့ ကလေးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ လည်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလဆန်းက မြဝတီ ဘက်ခြမ်း ချစ်ကြည်ရေး တံတား အနီးမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးကတော့ ပြင်းထန်တဲ့ အတွက် အရပ်သား နှစ်ယောက် သေဆုံးပြီး ၆ ယောက် ထက်မနည်း ဒါဏ်ရာရခဲ့ကြ ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးကတည်းက မြဝတီမြို့ တဝိုက်မှာ အကြီးစားနဲ့ အသေးစား ဗုံးတွေအ ကြိမ်ကြိမ် ပေါက်ကွဲခဲ့တာကြောင့် စိုးရိမ် ထိတ်လန့် နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။