EU က မြန်မာ နိုင်ငံကို ပိတ်ဆို့ အရေးယူမှု ဆက်ထားဖို့ ဆုံးဖြတ်

  • 13 ဧပြီ 2011
Image caption ဘရပ်ဆဲလ်မြို့က ဥရောပ သမဂ္ဂ ရုံးရှေ့မှာ အလံ လွှင့်ထူထားပုံ

ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို မနေ့က လူဇမ်ဘတ်မြို့မှာ ကျင်းပတဲ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ အဓိက ကျတဲ့ အရေးယူ ဆောင်ရွက်မှုတွေကို မပြောင်းဘဲ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီ အထဲမှာ မြန်မာ အစိုးရ အပေါ် စစ်လက်နက် ပစ္စည်းတွေ မရောင်းချရေး ၊ မြန်မာ အစိုးရ အရာရှိကြီးတွေရဲ့ ခရီးသွားလာခွင့်ကို ကန့်သတ် ပိတ်ပင်ထားရေးတို့ ပါဝင်ပါတယ်။

ဒါပေမယ့် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ တခြား အရပ်ဖက် ဝန်ကြီးဌာနက အရာရှိတွေရဲ့ ခရီးသွားလာမှုတွေ ကိုတော့ ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။

ဒီ အရေးယူ ပိတ်ဆို့မှုတွေကို နောက်နှစ်မှာ ပြန်လည် သုံးသပ်သွားမယ်လို့လည်း သိရပါတယ်။