မန္တလေးသင်္ကြန်

  • 15 ဧပြီ 2011
မြို့မရဲ့ ငွေငန်းရေသဘင်အဖွဲ့
Image caption မြို့မရဲ့ ငွေငန်းရေသဘင်အဖွဲ့

ဒီနှစ်မန္တလေးသင်္ကြန်မှာ ကျုံးလေးဘက်စလုံး မဏ္ဍပ်တွေထိုးခွင့်ပြုပြီး ရန်ကုန်က Iron Cross အဖွဲ့ လိုခေတ်ပေါ် စင်တင်တေးဂီတတွေ လာရောက် ဖျော်ဖြေတဲ့အတွက် ပိုစည်စည်ကားကားရှိပါတယ်။

ခေတ်လူငယ်တွေဟာ ခေတ်ပေါ်တီးဝိုင်းတွေကို အားပေးကြပြီးလူကြီးတွေလည်းရွေးစရာလမ်းမရှိဘဲခေတ်သစ်သင်္ကြန်မျိုးကိုဘဲဆင်နွှဲနေရတယ်လို့ စာရေးဆရာ ကျော်ရင်မြင့်က ဘီဘီစီကို ပြောပြပါတယ်။

အခုအခါ ယဉ်ကျေးမှု သရုပ်ဖေါ်တဲ့ အလှ အက ရိုးရာတွေသိပ်မတွေ့ရဘဲ အရင်ကဆိုရင်ညပိုင်းတွေမှာ ရေမပက်လို့ ယဉ်ကျေးတဲ့ သင်္ကြန်အကတွေကို ညမှာ လှည့်ကြည့်လို့ရကြောင်း အခုတော့ညပိုင်းပါရေပက်လာတဲ့ အစဉ်အလာရှိလာပြီလို့ သူကပြောပြပါတယ်။

တဖက်ကလည်း မြို့မိမြို့ဖတွေကို မြို့မအသင်းတော်ကြီးက တီးမှုတ်ဧည့်ခံတဲ့အခါ ရှေးယခင်တုံးကလိုဘဲအားပေးကြတာဝမ်းသာစရာကောင်းတယ်လို့ ဆိုပါတယ်။

ရိုးရာမဟာသင်္ကြန်ဖြစ်မြောက်ရေးအတွက် အမျိုးမျိုးစည်းကမ်းတွေထုတ်ထားပေမဲ့ လက်တွေ့မှာ လမ်းပေါ်မူးလဲနေတာ မူးယစ်ဆေးဝါးအမျိုးမျိုးသုံးစွဲပြီး တဖက်နဲ့တဖက် ရန်ဖြစ်ကြတာမျိုးတွေတဖြည်းဖြည်းများလာတဲ့အတွက် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရမဲ့အစား ခံစားချက်တွေပေါက်ကွဲပြီး ဖြစ်ချင်သလို ဖြစ်နေကြတဲ့ သင်္ကြန်မျိုးဖြစ်လာနေပြီလို့ စာရေးဆရာကျော်ရင်မြင့်က သုံးသပ်သွားပါတယ်။