မျိုးချစ်တပ်မတော် ကွန်ယက်ဖွဲ့စည်းခြင်း။

  • 18 ဧပြီ 2011
soldier ဓာတ်ပုံ မူပိုင် Getty Images
Image caption မျိုးချစ်တပ်မတော် ကွန်ယက်ဖွဲ့

တပ်မတော် ကြည်းရေလေ တပ် တချို့ ပါဝင်တဲ့ မျိုးချစ် တပ်မတော် ကွန်ယက်တခု ကို ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း ကြား က စက်လှေ တစင်း ပေါ်မှာ ဒီရက်ပိုင်း အတွင်း မှာ ပဲ ဖွဲ့စည်း နိုင်ခဲ့တယ်လို့ တပ်ကြပ်ကြီး တဦးက ဘီဘီစီ ကိုပြောပြပါတယ်။

ပါဝင် ဖွဲ့စည်းထားတဲ့ တပ်တွေကတော့ ဟိုင်းကြီးကျွန်း ရေတပ်စခန်း၊ မှော်ဘီ က ၅ဝ၁ လေတပ်စခန်း၊ မိတ္ထီလာလေကြောင်း အတတ်သင်ကျောင်း၊ တပ်မ ၇၇ လက်အောက်ခံ ခလရ ၆ နဲ့ ခမရ ၇ နဲ့ ၈ တို့ပါ ပါဝင်ကြောင်း သိရပါတယ်။

ဒါ့အပြင် ပင်မ စစ်လက်နက် ခဲယမ်းမီးကျောက် သိုလှောင်ရေးတပ် နဲ့ ပင်မ လျှပ်စစ်အင်ဂျင်နီယာတပ် နဲ့ အင်းမတပ် တို့ ပါဝင်ကြောင်းလဲ ရဲမွန် ခလရ ၂၁၄ က တပ်ကြပ်ကြီးက ဘီဘီစီ ကို ရှင်းပြပါတယ်။

အရာရှိငယ်တွေ အပြင်၊ ဗိုလ်ချုပ်တချို့ပါ၊ ပါဝင်ကြောင်း၊ မျိုးချစ် တပ်မတော် ကွန်ယက်အဖွဲ့ဟာ ကြည်းရေလေ တပ်မတော်ရဲ့ အစိတ်အပိုင်း ဖြစ်သလို မကြာခင်က ထုတ်ပြန်တဲ့ စစ်မှု မထမ်းမနေရ အမိန့်၊ တပ်တွင်းစားဝတ်နေရေး အကြပ်အတည်း ပြဿနာ စတဲ့ မကြေနပ်ချက် တွေ ပါဝင်တဲ့ ကြေငြာချက် ကိုလဲ ထုတ်ပြန် လိုက်ပါတယ်။