မွန်ပြည်သစ်ပါတီ က ခုခံရေးစစ် အတွက် ပြင်ဆင်နေ

  • 21 ဧပြီ 2011
ssa north ဓာတ်ပုံ မူပိုင် SHAN
Image caption ရှမ်းပြည် မြောက်ပိုင်း တပ်မတော် ကို အစိုးရ က တိုက်ခိုက် နေ

ပြည်သူ့စစ်၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ် ကို လက်မခံ နိုင်တဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တွေကို အစိုးရ တပ်တွေက တိုက်ခိုက် နေတဲ့ သူတို့လည်း ခုခံ စစ် အတွက် ပြင်ဆင် ထားကြောင်း မွန်ပြည်သစ် ပါတီ က ပြောပါတယ်။

မွန်ပြည်သစ် ပါတီ ရဲ့ အထွေထွေ အတွင်း ရေးမှူး နိုင်ဟံသာ က ပြည်သူ့စစ် ဖွဲ့စည်းရေး ကို လက်မခံတဲ့ ရှမ်းပြည် မြောက်ပိုင်း တပ်မဟာ ၁ ဖက် မှာ အစိုးရ စစ်တပ် တွေ ထိုးစစ်ဆင် နေတာ ကို ကြည့်ခြင်းဖြင့် သူတို့ လို နယ်ခြားစောင့် တပ် ကို လက်မခံနိုင်တဲ့ အဖွဲ့ တွေကို လည်း အချိန်မရွေး ထိုးစစ် ဆင်လာနိုင်တဲ့ အတွက် သူတို့ဘက် က လည်း ခုခံ စစ် အတွက် ပြင်ဆင်ထား ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အခု အစိုးရ စစ်တပ် အတိုက်ခံ နေရတဲ့ ရှမ်းပြည် တပ်မတော် ကို လည်း သူတို့ က ကူညီ သွားမယ့် အကြောင်း နဲ့ ဘယ်လို ကူညီ မှာလည်း ဆိုတဲ့ နည်းလမ်း ကတော့ စစ်ရေး ကိစ္စတွေ ဖြစ်တဲ့ အတွက် ထုတ်ပြောလို့ မရ ကြောင်း ပြောပါတယ်။

မွန်ပြည်သစ်ပါတီ၊ ကချင် လွတ်မြောက်ရေး အဖွဲ့၊ ကရင် အမျိုးသား အစည်းအရုံး စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ ပါဝင်ပြီး တိုင်းရင်းသား အဖွဲ့အစည်း တွေ ပေါင်းစု ကာ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီ မှာ ပါဝင်တဲံ အဖွဲ့ တွေ ဟာ တဖွဲ့ ကို အစိုးရ က စစ်ရေး အရ တိုက်ခိုက် လာရင် ကျန်တဲ့ အဖွဲ့ တွေက လည်း ဝိုင်းဝန်း ကူညီ ကာ တုန့်ပြန် တိုက်ခိုက် သွား ဖို့ သဘောတူ ထားကြ ပါတယ်။