အထည်ချုပ် အလုပ်သမားတွေက အလုပ်ရှင်ကို တရားစွဲ

  • 22 ဧပြီ 2011
workers
Image caption လှိုင်သာယာရှိ အထည်ချုပ် လုပ်သားတချို့

ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်ရှိ Omrush အထည်ချုပ် စက်ရုံက အမျိုးသမီး အလုပ်သမား ၄ ဦးက အလုပ်ရှင်ကို ဝါဏိဇ္ဇ ပဋိပက္ခ ဖြေရှင်းရေး ရုံးကို တိုင်ကြားပြီး တရားစွဲဆို လိုက်ပါတယ်။

အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်သူ ၄ ဦးဖြစ်တဲ့ မစန်းစန်းလှိုင်၊ မစိုးမြတ်သူ၊ မတိုးတိုးနိုင်နဲ့ မသင်းသင်ချိုက အလုပ်ရှင်ဆီမှာ သူတို့ အခွင့် အရေးအတွက် အရေးဆိုခဲ့ကြပါတယ်။

အရေးဆိုခဲ့ကြတဲ့ အချက်တွေကတော့ အချိန်ပိုကြေး ပေးရေး၊ အားလပ်ရက် ပေးရေး၊ အိမ်သာတက်ဖို့ သတ်မှတ်ချိန် တိုးပေးရေးစတဲ့ အချက်တွေ ဖြစ်ကြပါတယ်။

အလုပ်ရှင်ကို အဲသလို တောင်းဆိုကြသူ ၄ ဦးကို ဧပြီလ ၉ ရက်နေ့တုန်းက အလုပ်ဖြုတ်လိုက်ပါတယ်။

အလုပ်ဖြုတ်ပြီးနောက်မှာ အကျိုးဆောင်ရှေ့နေကတဆင့် အလုပ်ရှင်ကို တရားစွဲဆိုထားခဲ့တာ ဖြစ်ပါတယ်။