နာရေး ကူညီမှုအသင်း ၁ဝ နှစ်ပြည့်

  • 23 ဧပြီ 2011
_kyaw_thu
Image caption နာရေးကူညီမှု အသင်း ဉက္ကဌ ဦးကျော်သူ

ရန်ကုန်မြို့ မြောက်ဒဂုံ မြို့နယ်ရှိ နာရေး ကူညီမှု အသင်းရဲ့ ၁ဝ နှစ်ပြည့် အခမ်း အနားကို ကျင်းပရာမှာ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် တက်ရောက်ပြီး မျက်စိခွဲ ခန်း အတွက် အမေရိကန်ဒေါ်လာ တသောင်းခွဲ လှူဒါန်းကာ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပါတယ်။

၁ဝ နှစ်တာ ကာလအတွင်းမှာ ရုပ်အလောင်း ပေါင်း တသိန်းကျော် ရဲ့ စျာပန တာဝန်ယူခဲ့ပြီး ဖြစ်သလို ကျန်းမာရေး စောင့်ရှောက် ကုသပေးတဲ့ဆေးခန်း၊ နွေရာသီ အင်္ဂလိပ်စာ သင်တန်း၊ သရုပ်ဆောင် သင်တန်း၊ သဘာဝ ကပ်ဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေပါ တိုးချဲ့ လုပ်ကိုင် နိုင်ခဲ့ကြောင်း ဦးကျော်သူ က ဘီဘီစီ ကို ပြောပြပါတယ်။

၁ဝ နှစ်ပြည့် အခန်းအနား နဲ့ အတူ၊ ဒီအသင်း ပေါ်ပေါက်လာစေ ဖို့ လူမှုကုသိုလ် မျိုးစေ့ချ ပေးခဲ့တဲ့ ကွယ်လွန်သူ နာမည်ကျော် စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ ရဲ့ ရုပ်တု ကျောက်တိုင် ကို လဲ ဖွင့်လှစ်ခဲ့ ပါတယ်။

ကန့်သတ် ချုတ်ချယ်မှု တွေ ပြုရာမှာ နိဗ္ဗာန်ယာဉ် တစီးကို စီးပွားရေး ကုမ္ပဏီ အလှူရှင်က ရန်ကင်းဘုန်းကြီးကျောင်း တကျောင်း ရှိ ဆရာတော် ထံ ရေစက်ချလှူရာ မှာ ဦးကျော်သူ ကိုယ်တိုင် လာမှာလား ဆိုပြီး အာဏာပိုင်တွေ ဖက်က ဖိအားပေး မေးမြန်းတဲ့ အတွက်၊ သူမသွားတော့ပဲ နောက်တနေ့ မှ နိဗ္ဗာန်ယာဉ် ကို သွားယူဖို့ စီစဉ်ရပုံ၊ အလှူရှင်တွေကို စိတ်ညစ်အောင် လုပ်ဖို့ မကောင်းကြောင်း ဦးကျော်သူက ဘီဘီစီ ကို ရှင်းပြပါတယ်။