စီးပွား​ရေး၊ စစ်​ရေး​နဲ့ ရို​ဟင်​ဂျာအရေး

  • 25 ဧပြီ 2011

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာလေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ ဒီကနေ့မှာတော့ ဘင်္ဂလားဒေ့ရှ် သမ္မတ၊ ဝန်ကြီးချုပ် တို့နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဒါကားက လာတဲ့ သတင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ မူပိုင် kzt
Image caption လေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း (အလယ်လူ)

မြန်မာလေတပ်ဦးစီးချုပ်ရဲ့ ခရီးစဉ်ဟာ စီးပွားရေး၊ စစ်ရေးနဲ့ ရိုဟင်ဂျာအရေးတို့ကို အဓိကထား ဆွေးနွေးဖွယ်ရှိကြောင်း အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိ နေထိုင် နေတဲ့ တပ်က အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်နားမှာ မြန်မာဘက်က လေကြောင်းရန် ကာကွယ်ရေး တပ်တွေ တိုးချတာ၊ ဒုံးပျံတပ်တွေ ချတာ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ ဝန်းကျင်မှာ လေတပ် အခြေစိုက် စခန်းတခု ထားတာ၊ နှစ်နိုင်ငံခြား စည်းရိုးကာပြီး စစ်ရေး ပြင်ဆင်မှုတွေ လုပ်တာတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာအပေါ် တရုတ်ဖိအား ပေးမှုနဲ့လည်း သက်ဆိုင်နိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ် ကုန်သွယ်မှုမှာ မြန်မာက အက္ခရာ ကျနေတယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က ဆိုပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အလည်အပတ် သွားတယ်ဆိုပေမယ့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု မရှိဘဲ၊ စီးပွားရေး ဦးစားပေးပြီး ရေနံ တူးဖော်ရေးနဲ့ ဆိုင်တဲ့ ရေပိုင်နက် ကိစ္စတွေ ဆွေးနွေးစရာတွေ ရှိတယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က သုံးသပ်ပါတယ်။