တရား ဥပဒေ စိုးမိုးမှု အတွက် NLD တိုက်တွန်း

  • 25 ဧပြီ 2011
ဓာတ်ပုံ မူပိုင် burmese
Image caption ၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့ ပေမဲ့ NLD အစိုးရ ဖွဲ့ခွင့် မရခဲ့

တရားဥပဒေ စိုးမိုးမှု ရှိအောင် ဆောင်ရွက်ဖို့ မြန်မာ အစိုးရသစ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆို တိုက်တွန်း လိုက်ပါ တယ်။

အစိုးရသစ်ရဲ့ ပြည်ထောင်စု လွှတ်တော် ကျင်းပ အပြီးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့ခဲ့တဲ့ စာကို အများ ပြည်သူ သိရှိအောင် တရားဝင် ထုတ်ပြန် ခဲ့တဲ့ အထဲမှာ တိုက်တွန်းချက်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။

တရား ဥပဒေ စိုးမိုးရေး မဖြစ်မနေ လိုအပ် ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တာကို ကြိုဆိုကြောင်း အဲဒီစာ မှာ ဖော်ပြထား ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူ့ရှေ့မှောက် တရားစီရင်ရေးမူ နဲ့ ဆန့်ကျင်နေကြောင်းကိုလည်း ထောက်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို တရားရုံးမှာ စစ်ဆေး တရားစီရင်တဲ့ အခါ အများပြည်သူ မဆိုထားနဲ့၊ မိသားစုကိုတောင် လာရောက် နားထောင်ခွင့် မပြုတာဟာ တရားဥပဒေ စိုးမိုးရေး အခြေခံနဲ့ မကိုက်ညီဘူးလို့လည်း ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၁ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ပြီး သမ္မနေရာကို ရယူထားသူ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ၁၉၉၀ ရွေးကောက်ပွဲကို အနိုင်ရခဲ့ပေမယ့် အစိုးရဖွဲ့စည်းခွင့် မရရှိခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။