ဥရောပ ကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး တောင်း

  • 28 ဧပြီ 2011
myanmar ဓာတ်ပုံ မူပိုင် AFP
Image caption အရပ်သား အစိုးရ အသွင် ဖြစ်လာပေမယ့် လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ လို့ ဥရောပ က ဆို

မြန်မာနိုင်ငံ ကို ဥရောပသမဂ္ဂ က အထူး ကုန်သွယ်ရေး အခွင့်အလမ်း ရုတ်သိမ်း ထားတာကို ရပ်ဆိုင်း ပေး ဖို့ နိုင်ငံရေးပါတီ ၁၁ ပါတီ ပူးပေါင်း ပြီး တောင်းဆို လိုက်ပါ တယ်။

လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရ အုပ်ချုပ် နေတဲ့ အတွက် မြန်မာနိုင်ငံ အပေါ် ဥရောပ သမဂ္ဂ က ပိတ်ဆို့အရေးယူမှု အများစု ကို ဆက်လက် ထားရှိသွားဖို့ ဥရောပ သမဂ္ဂ ရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီး သီတင်းပတ် အနည်း ငယ် အကြာ မှာ အခုလို နိုင်ငံရေး ပါတီ ၁၁ ဖွဲ့ စုစည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီ များ အဖွဲ့ က တောင်း ဆို လိုက်တာပါ။

အဲဒီ နိုင်ငံရေး ပါတီ ၁၁ ပါတီ ထဲ က တဖွဲ့ ဖြစ်တဲ့ ဒီမိုကရက်တစ် ပါတီ ရဲ့ ဥက္ကဌ ဦးသုဝေ က ကုန်သွယ်ရေးအခွင့် အလမ်း တွေ များ လာမှ မြန်မာ ပြည်သူတွေ အလုပ် အကိုင် အခွင့် အလမ်း တွေ တိုးမြှင့်ရ လာမှာ ဖြစ်တဲ့ အတွက် အခုလို ဥရောပ သမဂ္ဂ ဘက်ကို တောင်းဆို ရတာ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကင်းပ မှ ပိတ်ဆို့ အရေးယူမှု တွေ ရပ်ဆိုင်းဖို့ ဖြစ်လာမှာ မဟုတ်ဘူးလား လို့ မေးရာ မှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ရပ်ဆိုင်း အောင် လည်း တောင်းဆို နေကြောင်း ဦးသုဝေ က ပြောပါတယ်။