မြန်မာသင်္ဘောသားပါ သင်္ဘော ပြန်ပေးဆွဲခံရ

pirates
Image caption ဆိုမာလီ ပင်လယ်ဓါးပြများ

စင်္ကာပူနိုင်ငံ မှ Glory Ship Management ပိုင် MV GEMINI သင်္ဘောဟာ အင်ဒိုနီးရှားနိုင်ငံ ကနေ ဆိုမားလီးယား နိုင်ငံဖက် ကို ဦးတည် ခုတ်မောင်း သွားစဉ်၊ ကင်ညာ နိုင်ငံ အနီး ရောက်ခိုက်မှာ ပင်လယ်ဓါးပြ တွေရဲ့ ပြန်ပေးဆွဲမှု ခံရပါတယ်။

ဒီသင်္ဘော ပေါ်မှာ သင်္ဘောသား ၂၅ ဦး ပါဝင်တဲ့ အနက်၊ တောင်ကိုးရီးယား လူမျိုး ၄ ဦး၊ အင်ဒိုနီးရှား ၁၃ ဦး၊ မြန်မာလူမျိုး ၃ ဦး နဲ့ တရုတ်လူမျိုး ၅ ဦး ဖြစ်တဲ့ အကြောင်း၊ တောင်ကိုးရီးယား ရုပ်မြင်သံကြား သတင်း အစီအစဉ် နဲ့ သတင်းစာ တွေမှာ ဖေါ်ပြ တဲ့ အကြောင်းကို တောင်ကိုးရီးယားမှ ကိုဇော်မိုးအောင်က ဘီဘီစီ ကို ပြောပြ ပါတယ်။

စင်္ကာပူ သင်္ဘော ကုမ္ပဏီ ကတော့၊ သင်္ဘောသားတွေ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ကြိုးပမ်း မယ်လို့ ပြောပါတယ်။ ဒီသင်္ဘောဟာ စားသုံးဆီ တွေ သယ်ဆောင် လာတာ ဖြစ်ပြီး၊ တန်ချိန် သုံးသောင်း ရှိပါတယ်။ ဆိုမာလီ ပင်လယ်ဓါးမြတွေ လက်ချက် လို့ ယူဆ ရပေမဲ့ အခု အထိ ပြန်ပေးငွေ တောင်းခံမှု မရှိသေးကြောင်း လဲ သိရပါတယ်။