ဂီရိ လေဘေးသင့် ရိက္ခာရပ်

  • 12 မေ 2011
cyclone
Image caption ဂီရိလေဘေး ဒုက္ခသည်

ရခိုင်ပြည်နယ် က ဂီရိလေဘေးသင့် ဒေသတွေမှာ အန်ဂျီအို တွေက ရိက္ခာ ကူညီထောက်ပံ့မှု ရပ်လိုက်တဲ့ အတွက် လေဘေးသင့် ပြည်သူတွေ အနေနဲ့ မိုးတွင်း ကာလမှာ ဆိုးဝါးတဲ့ အငတ်ဘေးနဲ့ ကြုံနိုင်လို့ ဒေသခံတွေ စိုးရိမ် ပူပန်နေကြပါတယ်။

ကျောက်ဖြူမြို့နယ် အတွင်းက လေဘေးသင့် ပြည်သူတွေဟာ ရိက္ခာ ပြတ်လပ်မှု ကို ဖြေရှင်းနိုင်ဖို့ တာတမံတွေ ဆည်ဖို့တဲ့ နေရာမှာ နေ့စား အလုပ်ဝင်နေရတဲ့ အကြောင်း ရွှေညိုမ ကျေးရွာမှ ဆရာတော်က ဘီဘီစီ ကို မိန့်ကြား ရှင်းပြပါတယ်။ တနေ့ရှာ တနေ့စား ဘဝ ရောက်နေကြလို့ မိုးတွင်း အတွက် ရိက္ခာ မစုဆောင်းနိုင်ကြပါဘူး။

တာတမံ တည်ဆောက်ရေး လုပ်ငန်း တွေကလဲ မကြာမီ ပြီးစီးတော့မှာ ဖြစ်တဲ့ အတွက် နောက်ပိုင်းမှာ ဝင်ငွေ အရပါ ဆုံးရှုံးစရာ ရှိနေပုံ ကိုလဲ ရွှေညိုမ ကျေးရွာ ဆရာတော် က မိန့်သွားပါတယ်။

တာတမံတွေ ကို Save the Children Fund ရံပုံငွေ အဖွဲ့ နဲ့ ကျောက်ဖြူ လူငယ်အဖွဲ့ က တာဝန်ယူ တည်ဆောက်ပေးကြတါပါ။