နိုင်ငံရေးမိသားစုဝင် ပညာရေးထောက်ပံ့

  • 11 မေ 2011
aungsan_suukyi ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒေါ်အောင်ဆန်းစုကြည်

ရန်ကုန်တိုင်း ၃၃ မြို့နယ် အတွင်းရှိ နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစုပေါင်း ရရ အုပ်စု ရဲ့ ပညာ သင်ကြား နေဆဲ အရွယ် သားသမီး ၁၂၃ ဦး ကို NLD လူမှုအထောက်အကူပြု အဖွဲ့က တဦးကို ကျပ်ငွေ လေးသောင်းနှုံး နဲ့ ပညာသင် စရိတ် ထောက်ပံ့ပေးခဲ့ပါတယ်။

အဆိုပါ ပညာရေး ထောက်ပံ့ငွေဟာ ပြည်သူလူထုက ထောက်ပံ့ကူညီ ကြတာဖြစ်ကြောင်း၊ ထောက်ပံ့ပွဲ တက်ရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောပြပါတယ်။ အများပြည်သူဟာ နိုင်ငံရေး လုပ်ရဲသူတွေကို အားပေးပုံ၊ လေးစားကြပုံ ကို အခုလို ငွေကြေးထောက်ပံ့မှု နဲ့ ပြသကြတဲ့ အကြောင်းလဲ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

တချို့ဆိုရင် အလှူငွေ ထည့်ဝင်တာကို နာမည်မခံလိုပဲ ထောက်ပံ့ကြသူတွေ အများကြီးရှိလို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို လေးစားသူတွေ အများအပြား ရှိတယ်လို့ ယုံကြည်ပုံ ကို ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြပါတယ်။

သားသမီးတွေ မိဖတွေ မောင်နှမ လင်သား ဇနီးသည်တွေ အနေနဲ့လဲ ထောင်ကျ နိုင်ငံရေးသမား တွေဟာ သိက္ခာမဲ့တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေ မဟုတ်ပဲ၊ အများ အတွက် အနစ်နာခံ လုပ်ရဲသူတွေ ဖြစ်ကြောင်းလဲ အခန်းအနား တက်ရောက်သူ မိသားစုတွေကို အားပေးစကား ပြောပါသေးတယ်။