CDMA ဖုံး အရောင်းရပ်မဲ့ ကောလဟာလ တွေထွက်

  • 14 မေ 2011
GSM
Image caption ဂျီအက်စအမ် ဖုံးတွေကို ကမ္ဘာ အနှံ့ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနေ

ခုရက်ပိုင်း အတွင်း ထွက်ပေါ်နေတဲ့ စီဒီ အမ်အေ လက်ကိုင် ဖုန်းတွေ ဆက်မရောင်း တော့ဘူး ဆိုတဲ့ သတင်းတွေ ထွက်လာ ခဲ့ပေမယ့် ငါးသိန်းတန် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းတွေကိုပါ လိုသလောက် ရောင်းချနေတယ်လို့ ရန်ကုန်က ဖုံးအရောင်းဆိုင်တွေက ပြောပါတယ်။

ခုရက်ပိုင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းတွေကို ငါးနှစ် စီမံကိန်းနဲ့ အနည်းဆုံး တနှစ်ကို ခြောက်သန်းနှုန်း လောက်ထိ တိုးချဲ့ ရောင်းချသွားမယ် ဆိုတဲ့ သတင်းတွေနဲ့ အတူ ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မီဂါဟက်ခ် မိုဘိုင်းဖုန်း တွေကိုတော့ ဆက်ရောင်းမပေး တော့ဘူး ဆိုတဲ့ သတင်းတွေရ ရှိပါတယ်။

အဲလို ထွက်လာတဲ့ အကြောင်းကလည်း ဧပြီလကုန်ပိုင်းက နေပြည်တော်မှာ လုပ်ခဲ့တဲ့ အထူး စီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့ ညှိနှိုင်း အစည်းအဝေးမှာ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ၀န်ကြီး ဦးသိန်းထွန်းက ငါးနှစ် စီမံကိန်းနဲ့ မိုဘိုင်းဖုန်းစနစ် လိုင်း သန်းသုံးဆယ် တိုးချဲ့ တပ်ဆင်သွားမယ်လို့ ပြောခဲ့လို့ ခုလိုထွက်ပေါ်လာတာပါ။

စီဒီအမ်အေ ဖုန်းတွေ ဆက်မရောင်းတော့ဘူး ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့ ဆက်သွယ်ရေးနဲ့ ချိတ်ဆက် ၀န်ဆောင်မှုပေးနေသူ တဦးကို မေးကြည့်တော စီဒီအမ်အေ ၈၀၀ မီဂါဟက်စ်နဲ့ ဂျီအက်စ်အမ် ၉၀၀ မီဂါဟက်စ်နဲ့ အဲ့ဒါတွေ ၀ယ်လို့ရနေပြီး ဘယ်သူမဆို သွားလျှောက် ၅ သိန်းနဲ့ ရတယ်၊ ကြိုက်သလောက်လျှောက်၊ ကြိုက်သလောက် ထုတ်ပေးတယ် လိုသလောက် ထုတ်ပေးတယ်လို့ ပြောပါတယ်။

အခုလို မိုဘိုင်းဖုန်းတွေ အမြောက်အများ ချပေးနေပေမယ့် သုံးစွဲ သူတွေမှာတော့ ဖုန်းလိုင်း ဆက်သွယ်လို့ ခက်တာတွေ၊ အင်တာနက် သုံးလို့ရမယ် ဆိုတဲ့ စီဒီအမ်အေ ၈၀၀ မီဂါဟက်ခ် ဖုန်းတွေကလည်း သုံးစွဲ မရတာတွေ ရှိနေတယ်လို့ သုံးစွဲသူတွေကပြောကြပါတယ်။

တယ်လီဖုန်းလိုင်းတွေ ဈေးကွက်ထဲကို အများကြီး ရောင်းချ ပေးနေပေမယ့် စက်မှုပိုင်း ဆိုင်ရာ ခေတ်မှီတဲ့ ဆက်သွယ်ရေး စနစ်တွေကို ထပ်ပြီးရင်းနှီးတာတွေ မလုပ်ရင် လျှပ်စစ်မီး ပုံမှန် မရနိုင်ဘူး ဆိုရင်တော့ သုံးစွဲသူတွေ အတွက် တယ်လီဖုန်း လက်၀ယ် ရှိပြီး ခုလိုပဲ အခက်ခဲတွေ ကြုံနေရဦးမှာပဲလို့ ဆက်သွယ်ရေး အင်ဂျင်နီယာတွေက ပြောနေပါတယ်။