မုဒုံမြို့အနီး တယ်လီဖုန်းရုံး ပစ်ခတ်ခံရ

  • 14 မေ 2011
Image caption အရှေ့တောင်တိုင်းစစ်ဌာနချုပ်က အရာရှိ ကြီးတွေ ကိုယ်တိုင် လာရောက်စစ် ဆေးခဲ့

မွန်ပြည်နယ် မုဒုံမြို့ ကန်ကြီးအထွက် ကျုံဖိုက်ကျေးရွာနားမှာရှိတဲ့ တယ်လီဖုန်း အိပ်ချိန်းရုံးကို အမည်မသိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ဝင်ရောက်ပစ်ခတ်တယ်လို့ သေကျေ ထိခိုက်တွေ ရှိခဲ့ပါတယ်။

ဒီနေ့မနက် (၅) နာရီခွဲလောက်မှာ ပေါက်ကွဲသံ တခုနဲ့အတူ လက်နက်ငယ်အသံတချို့ ကြားခဲ့ရ ပြီး၊ အဲဒီပစ်ခတ်မှုမှာ ရဲတဦးသေဆုံးကာ လူ(၅) ဦးထက်မနည်း အနည်းငယ်စီ ဒါဏ်ရာရသွား တယ်လို့ မုဒုံမြို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

အဲဒီပစ်ခတ်တဲ့နေရာကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ပတ်ဝန်းကျင် ဧရိယာဖြစ်တဲ့ အတွက် ဌာနချုပ်က အရာရှိ ကြီးတွေ ကိုယ်တိုင် လာရောက်စစ် ဆေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်ချေ လက်သည်တွေကို ထုတ်မပြောပေမဲ့ ဒေသခံတွေကတော့ ကရင့်လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့လို့ ခန့်မှန်းကြပါတယ်။

အဲဒီတယ်လီဖုန်းအိပ်ချိန်းနေရာမှာဘဲ (၂ဝဝ၈) ခုနှစ် ဇူလိုင်လတုန်းက ဗုံးပေါက်ကွဲခဲ့လို့ ရုံးဝန်ထမ်းတဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။