နိုင်ငံရေးအကျဉ်းသားများရဲ့ဒုက္ခ

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာသူများ ဓာတ်ပုံ မူပိုင် AFP
Image caption လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာသူများ

အကျဉ်းထောင်ကလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကျောင်းသားတွေ သံဃာတော်တွေဟာ စစ်ကြောရေးမှာ နှိပ်စက်ခံရသလို ထောင်ထဲမှာလဲ ဆေးဝါးကုသဖို့ ခက်ခဲတယ်လို့သိရပါတယ်။

နိုင်ငံရေးအကျဉ်းသူ တွေဟာလဲ ထောင်အာဏာပိုတွေ ဖိနှိပ်တာခံရတယ်လို့သိရပါတယ်။ အခုအင်းစိန်ထောင်ကနေ လွတ်ရက်ပြည့်ခါနီးမှပြန်လွတ်လာတဲ့ သံဃာတော်တပါးဖြစ်တဲ့ ဦးဆန္ဒဓိကဟာ အဖမ်းခံစဉ်မှာ သင်္ကန်းအတင်းချွတ်ပြီးရိုက်နှက်ခံရလို့ အူကျတဲ့ရောဂါဖြစ်ခဲ့ရကြောင်း အခြားအကျဉ်းသားတွေနဲ့စာရင် နိုင်ငံရေးနဲ့ အဖမ်းခံရတဲ့ သံဃာတွေဆေးကုသခွင်ရဖို့ အတော်ခက်ခဲတဲ့အကြောင်း ဘီဘီစီကိုပြောပြပါတယ်။ နောက်ရခိုင်ပြည်နယ် ဂွမြို့နယ်က တက္ကသိုလ်ကျောင်းသား၀င်းမင်းဦးကလဲ မြင်းခြံထောင်မှာ အနူရောဂါသည်တွေနဲ့အတူထားလို့ ရောဂါကူးစက်ခံရတာ ထောင်ထဲက စာရေးသောက်ရေးအခြေနေတွေပြောပြပါတယ။သူဟာ ၂၀၀၇အရေးအခင်းမှာပါ၀င်ခဲ့ပြီး ကျောင်းသာသမဂ္ဂဖွဲ့စည်းတဲ့ပုဒ်မနဲ့ထောင်ချ ခံရသူဖြစ် ပါတယ်။

နောက်ထောင်ကျ အမျိုးသမီးဖြစ်တဲ့ ဒလမြို့နယ်အန်နယ်ဒီအဖွဲ့ချုပ်၀င် ဒေါ်စမ်းစမ်းမြင့်ကတော့သာယာ၀တီထောင်က လေးလအလိုလွတ်မြောက်လာခဲ့ပြီး အမျိုးသမီးတွေကို ပိုဖိနှိပ်တာ ရှိသလို သီးပင်တွေစိုက်ပြီး ချက်စားရကြောင်း ဒါကိုလည်းနှောက်ယှက် ဟန့်တားခံရကြောင်း ဘီဘီစီကို ပြောပါတယ်။ ထောင်ထဲမှာနှစ်ကြီး နိုင်ငံရေး အကျဉ်းသားတွေ ကျန်ခဲ့ပါသေးတယ်။သူတို့မှာလိုက်တာ ကတော့ သူတို့လွတ်မြောက်ဖို့ ကြိုးစာပေးကြဖို့မှာ လိုက်တယ်လို့ဆိုပါတယ်။ လွတ်မြောက်လာတဲ့ အကျဉ်သားတွေဟာ လွတ်မြောက်ဖို့ လပိုင်းအလိုတွေဖြစ်ပါတယ်။

ခုလိုလွတ်မြောက် လာပေမဲ့လဲ ၀မ်းမသာနိုင်ဘဲ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာဖို့အတွက် ကြိုးစားသွားမယ်လို့ လွတ်မြောက် လာသူတွေက ပြောပါတယ်။