ထိုင်းစစ်သားတွေ မြန်မာစာ စသင်

Thai soldiers ဓာတ်ပုံ မူပိုင် AP
Image caption နယ်စပ်မှာ တာဝန်ကျသူတွေ ဘာသာစကား တတ်ဖို့လို

ထိုင်းနိုင်ငံ နဲ့ မြန်မာ နယ်စပ် မဲဆောက် မြို့ အခြေစိုက် အမှတ် ၄ ဒေသကွပ်ကဲရေး တပ်မှာ၊ပထမအကြိမ် မြန်မာစာ သင်တန်းကို မေလ၂၀ ရက်နေ့မှာ နယ်စပ်မှာ တာ၀န်ကျတဲ့ စစ်သားတွေကို စတင် သင်တန်း ပို့ချခဲ့ပါတယ်။

နယ်စပ်တလျှောက်မှာလုံခြုံရေးတာဝန်ယူနေရတဲ့ စစ်သားတွေအထဲက ပထမ အသုတ်အရာရှိ၊အရာခံ၊ အကြပ်၊ တပ်သား ၂၀ တက်ရောက်ခဲ့ ပါတယ်။

အမှတ် ၄ ဒေသကွပ်ကဲရေး တပ်မှူး ဗိုလ်မှူးကြီး ဆုဖချုပ်က် ထ၀သ်ဖီရချိုင်းက သူတို့တပ်ရင်း တာဝန် ယူရတဲ့ နယ်စပ် တလျှောက်မှာ၊ ထိုင်းစစ်သားတွေ ဟာ စီးပွားရေး၊ လူမှုရေးနဲ့ တခြားကိစ္စတွေ အတွက် ထိုင်းဖက်ကို အသွားအလာ လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အများဆုံး ဆက်ဆံနေရတယ်။

နောက်ဆိုရင် မြန်မာစာ၊ မြန်မာစကား တတ်တဲ့ ထိုင်းတာ၀န်ရှိသူ တွေက သူတို့ကို ထိုင်းနိုင်ငံမှာ ဥပဒေဘောင် အတွင်းက ဘာတွေ လုပ်သင့်တယ်၊ ဘာတွေမလုပ်သင့်ဘူး ဆိုတာကို ရှင်းပြနိုင်မှာ ဖြစ်တယ်။ ဒါမှ ထိုင်းနိုင်ငံမှာ ဥပဒေ နဲ့ မကိုက်ညီတာတွေကို လုပ်ဆောင်နေတာတွေ လျော့နည်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ၊ နယ်စပ်တလျှောက် ကူးလူးသွားလာရာမှာ တယောက်ရဲ့ ဘာသာစကားကို တယောက် နားမလည်တဲ့အတွက်၊ ထိုင်း တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံသားတွေ ကြားမှာ မကြာခဏ ဆိုသလို နားလည်မှု လွဲတာတွေ ဖြစ်ဘူးပါတယ်။

နောင်ကို အဲဒါမျိုးတွေ မဖြစ်ရအောင် အခုလိုမျိုး တာဝန်ရှိသူတွေကို အခြေခံသင်တန်းတွေ ဆက်တိုက် ပို့ချသွားမှာ ဖြစ်တယ်လို့ တပ်မှူးက ပြောပါတယ်။ အခြေခံသင်တန်း အောင်မြင်ပြီးတဲ့ သူတွေကို ထိုင်းတက္ကသိုလ်တွေမှာ အဆင့်မြင့် မြန်မာစာ သင်တန်းတွေ တက်ဖို့ ဆက်ပြီး ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မြ၀တီဖက်မှာလည်း ထိုင်းစာနဲ့ ထိုင်းစကားတွေကို သင်ယူပြီး တချို့ဌာနတွေမှာ စကားပြန်၊ ဘာသာပြန် လုပ်သူတွေ ရှိနေပါတယ်။