ဆင်းရဲနွမ်းပါးမှု လျော့ကျရေး မူပေါ်မူတည်

  • 23 မေ 2011
ဓာတ်ပုံ မူပိုင် AP

ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းဝင် မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကနေ မေလ ၂၂ ရက်နေ့အထိ အထိ ၃ ရက် ကြာ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုတက်မှုမရှိတာ ဆင်းရဲမွဲတေမှုရှိနေတာတွေကို အစိုးရက ပကတိ အခြေအနေနဲ့ သုံးသပ်ပြီး အဖြေရှာတာလို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ သတင်းစာဆရာ ဦးကိုကို (စက်မှု)က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးနဲ့ စီးပွားရေး တိုးတက်မှုရှိေအာင် လုပ်သင့်တာ ကြာပြီလို့ စီးပွားရေးပညာရှင် ဒေါက်တာတင်စိုးက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အခုလည်း နောက်မကျသေးဘူး၊ ပြသနာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာပြီး အကောင်အထည်ဖေါ်ရင် အောင်မြင်နိုင်တယ်လို့ ဆိုပါတယ်။

ဒိလို အောင်မြင်နိုင်ဖို့ မူက အရေးကြီးတယ်၊ မူမကောင်းရင် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ဒေါက်တာတင်စိုးက ပြောပါတယ်။

နေပြည်တော်က ဆွေးနွေးပွဲကို သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရ ဌာနတွေက တာဝန်ရှိသူတွေ စီးပွားရေးပညာရှင်တွေ လက်တွေ့ စီးပွားရေး လုပ်ကိုင်နေကြသူတွေ နဲ့အတူ စာနယ်ဇင်းဆိုင်ရာတွေ က ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။