မြန်မာအစိုးရ လုပ်ဆောင်ချက် ဒီမိုကရေစီကို သေးသိမ်စေ

  • 23 မေ 2011
Quintana
Image caption နိုင်ငံရေး အကျဉ်းသား ကိစ္စ ကင်တားနား စိတ်ပျက်

မြန်မာ နိုင်ငံက ပေါ်ထွန်းစ အရပ်သား အစိုးရရဲ့ လူနည်းစု တိုင်းရင်းသား အရေးနဲ့ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြုမူပုံ တွေဟာ အစိုးရရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆောင်ရွက်မယ် ဆိုတဲ့ အာမခံ ချက်ကို ယုတ်လျော့ သေးသိမ် စေတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားက ပြောလိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးတဲ့ အပေါ်မှာလည်း ဒီဆုံးဖြတ်ချက်ဟာ စိတ်ပျက်စရာ ကောင်းကြောင်း၊ ဒီဆုံးဖြတ်ချက်ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်ဖို့ ရည်ရွယ် ချက်ကို မပြသတဲ့ သဘော ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား တွေ အ ပါအဝင် သက်ဆိုင်သူ ပုဂ္ဂိုလ် အားလုံး ပါဝင်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ နယ်စပ် ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား ရှိနေတယ်လို့ လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။ မြေသိမ်းမှု၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ လိင်မှုဆိုင်ရာ အဓမ္မပြုကျင့်မှု တွေလည်း အများ အပြား ဖြစ်ပွား နေတယ်လို့ ဆိုပါတယ်။