မြန်မာ​သုံး​ဦး ထိုင်း​မှာ​သေ

ဘန်ကောက်မြို့မြောက်ဘက် စင်ဘူရီခရိုင်ရဲ့ အာရှလမ်းဘေးမှာ မြန်မာအလုပ် သမား အလောင်း သုံးလောင်းကို ဒီကနေ့ မနက်က တွေ့ခဲ့ရတယ်လို့ နယ်မြေခံရဲက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် bur
Image caption မြန်မာတွေအများစု သွားရောက်လုပ်ကိုင် နေကြတဲ့ ထိုင်းမြန်မာ နယ်စပ်တနေရာ

လူသေမှုနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ လုပ်နေတဲ့ အကြောင်း စင်ဘူရီခရိုင်၊ ဖရုမ်းဘူးရီ မြို့နယ်၊ မှုခင်း ရဲအရာရှိ ရဲ ဒုတိယ ဗိုလ်မှူးကြီး ဖယောင်းမ် တန်းကယောက် က ပြောပါတယ်။

``ပဏာမ စစ်ဆေးချက်တွေအရ မြန်မာ သုံးဦး သေဆုံးမှုမှာ အသတ်ခံရတဲ့ ဒဏ်ချက်တွေ မတွေ့ဘူး၊ ခန့်မှန်း ရတာတော့ အစုလိုက် အပြုံလိုက် သယ်ဆောင်ရာမှာ ဖိမိပြီး သေဆုံးသွားတယ် ထင်ပါတယ်။ သေတဲ့သူတွေ ဆီကနေ ဖုန်းနံပါတ်တွေ ရထားလို့ တရားခံတွေ ဖမ်းမိလို့ ကွင်းဆက်တွေ လိုက်နေတယ်``လို့ သူက ပြောပါတယ်။

သေသူတွေ ဘယ်နေ့က သေတယ်၊ ဘာကြောင့် သေဆုံးတယ် ဆိုတာကိုတော့ ဆိုင်ရာကို ပို့ပြီး စစ်ဆေးနေတယ်လို့ ရဲက ပြောပါတယ်။