နိုင်ငံရေး အကျဉ်းသား လွတ်ဖို့ သမ္မတကို တောင်းဆို

Dr Than Nyein
Image caption အကျဉ်းသား လွှတ်ပေးရင် လုံခြုံရေးကို အထောက် အကူ ဖြစ်မယ်လို့ ဒေါက်တာ သန်းငြိမ်းက ဆို

နိုင်ငံတော်သမ္မတက မကြာသေးခင် မေလ လယ်မှာ အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ ပေမယ့် နှစ်ရှည် ထောင်ကျ အကျဉ်းသား တွေ အတွက် အကျိုး မရှိ တာကြောင့် နိုင်ငံရေး အကျဉ်းသား အပါအဝင် အခြား အကျဉ်းသား တွေကို ထပ်မံ လွှတ်ပေးဖို့ အတွက် ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ မိတ်ဆွေ ၁၁ ပါတီက သမတ ဆီကို ကြာသပတေး နေ့မှာ အိပ်ဖွင့် ပေးစာ ပေးပို့ လိုက်ပါတယ်။

အကျဉ်းသား တွေကို လွှတ်ပေး တုန်းက လူသားချင်း စာနာမှုနဲ့ တိုင်းပြည် ပြန်လည် ထူထောင် ရေးမှာ ပါဝင် ခွင့်စတဲ့ ရည်ရွယ်ချက် တွေ့နဲ့ လွှတ်ပေးတာလို့ သမ္မတ ဦးသိန်းစိန်က ပြောပေမယ့် နှစ်ရှည် အကျဉ်းသား တွေ အတွက် အဲ့ဒီ ခံစာခွင့် မရတာကြောင့် နောက်ထပ် လွှတ်ပေးဖို့ အတွက် ခုလို အိပ်ဖွင့် ပေးစာ ပေးခဲ့တာလို့ မဟာမိတ် ၁၁ ပါတီကိုယ်စား အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဌ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

အားလုံး စိတ်ချမ်းသာအောင် အကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ် ဆိုရင် နိုင်ငံတော် လုံခြုံရေး အတွက် ပိုပြီး တိုးတက် ကောင်းမွန် လာစေနိုင်မယ်လို့ ဒီမိုကရေစီ မဟာမိတ် ၁၁ ပါတီ အဖွဲ့က ယူဆကြောင်း စာထဲမှာ ဖော်ပြ ထားတယ်လို့ လည်း ဒေါက်တာ သန်းငြိမ်းက ဆိုပါတယ်။

သမ္မတ မိန့်ခွန်းမှာ ပြောခဲ့တဲ့ အကြောင်းအရာတွေ ထဲက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ချက်ချင်း ဖြစ်လာအောင် ဆောင်ရွက်လို့ မရ ပေမယ့် အကျဉ်းသား လွှတ်ပေး တာကိုတော့ ဆောင်ရွက်ပေးလို့ ရနိုင်တယ်လို့လည်း သူတို့က ယူဆကြောင်း ပြောပါတယ်။