ရခိုင်က ပုဇွန်လုပ်ငန်းရှင်များ အရှုံးပေါ်

  • 29 မေ 2011
Prawn
Image caption ပုဇွန်တွေကို နယ်စပ်ကနေလည်း ပို့

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နယ်စပ် ကုန်သွယ်ရေးကတဆင့် တင်ပို့ နေတဲ့ ပုဇွန်တင်ပို့မူဟာ အရှုံးပေါ်နေ တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပုဇွန်တွေကို စစ်တွေ နယ်စပ် ကုန်သွယ်ရေး ကနေ ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက် ဆိပ်ကမ်းဆီကို တင်ပို့နေတာ ဖြစ်ပါတယ်။

မြန်မာကုန်သည်တွေ အရှုံးပေါ်နေရတော့ ဒီ ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်သည်တွေက မြန်မာက တင်သွင်းလာတဲ့ ပုဇွန်တွေ အပေါ်မှာ အရည်အသွေးအပါအဝင် အကြောင်း အမျိုးမျိုးပြပြီး ဝယ်ယူလို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံက ပုဇွန် တင်ပို့သူ တစ်ဦးက ပြောပါတယ်။

မြန်မာက ရောင်းတဲ့ ပုဇွန်မှာ အမြီးတွေ ပါနေလို့ ပုဇွန်ကီလို တစ်ထောင် ရောင်းတိုင်း ကီလို ၁၀၀ ကို ဘင်္ဂလားဘက်က ကုန်သည်တွေကို အလကား ပေးရတယ်လို့ ပြောပါတယ်။

နောက်ပြီး ပုဇွန်က မလတ်လို့၊ ရေခဲရိုက်တာ မလုံလောက်လို့ စတဲ့အချက်တွေကြောင့်လည်း ရောင်းရင် အနှိမ်ခံရတယ်လို့ ဆိုပါတယ်။

ဒီလို မြန်မာကုန်သည်တွေဘက်က နစ်နာနေတာနဲ့ပတ်သက်လို့ မကြာခင်မှာ နှစ်ဘက် ကုန်သည်ကြီးတွေ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းသွားမယ်လို့လည်း သိရပါတယ်။

ပုဇွန်စျေးတွေကတော့ ပထမတန်းစား ပုဇွန် တကီလိုကို ၉၀၀၀ ကျပ်၊ ဒုတိယ တန်းစားက ၇၈၀၀ ကျပ်နဲ့ တတိယတန်းစားက ၆၆၀၀ ကျပ် ရတယ်လို့ ကုန်သည်က ပြောပါတယ်။