ပုဂံဘုရားတွေကို ဘယ်လို ထိန်းသိမ်း ကြမှာလဲ

  • 4 ဇွန် 2011
pagapn pagoda ဓာတ်ပုံ မူပိုင် bbc
Image caption ၁၁ရာစု အစောပိုင်း က ပုဂံ ဘုရားတွေ

ရှေးဟောင်းစေတီ ပုထိုးတွေကို ပြုပြင် မွမ်းမံရာမှာ ကောင်းကျိုးဆိုးကျိုး ၂ မျိုးရှိတယ် လို့ သမိုင်းပညာရှင် ဒေါက်တာ အေးကျော် က ပြောပါတယ်။

မြန်မာ အစိုးရ က သတင်းစာ တွေထဲမှာ ပုဂံမှာ ရှိတဲ့ ဘုရား ပုထိုး ပေါင်း ၁၂၃ ဆူနဲ့ အုတ်ပုံ ဖြစ်နေတဲ့ ဘုရား ပေါင်း ၉၀၀ နီးပါး ကို ပြန်လည် ပြင်ဆင် တည်ဆောက် ဖို့ သတင်းစာ ထဲက နေ အလှူငွေ ကောက်ခံ နေတဲ့ ကာလ မှာ သမိုင်းပညာရှင် က အခုလို ပြောခဲ့တာပါ။

ရှေးဟောင်း သမိုင်းဝင် အဆောက်အဦ ပဲ ဖြစ်ဖြစ် ပုထိုး စေတီ အဟာင်း ပဲ ဖြစ်ဖြစ် မပျက်စီး သွားအောင် ထိန်းသိမ်း စောင့်ရှောက် တာ ဟာ အင်မတန် ကောင်းမွန် တဲ့ ကိစ္စ ဖြစ်တယ် လို့ သူ က ဆိုပါတယ်။

ဒါပေမယ့် မူရင်း ကို မပျက်စီးအောင် ထိန်းသိမ်းရတာသာ ဖြစ်ပြီး အသစ် ပြင်ဆောက်ရတာ မဟုတ်ကြောင်း သူ ကရှင်းပြပါတယ်။

ပျက်ဆီး နေတဲ့ ဘုရား အုတ်ပုံ ကို အရင် မူရင်း ပုံအတိုင်း ဖြစ်အောင် ဖြည့်ပိုးပြီး လုပ်ဆောင် လိုက်ရင် သမိုင်း တန်ဘိုး မဲ့ သွားမှာ ဖြစ်တဲ့ အတွက် ဒီ အတိုင်းထား မှ သာ အဖိုးတန် တာ လို့ နိုင်ငံတကာ မှာ သတ်မှတ် ကြတဲ့ အကြောင်း သမိုင်း ပညာရှင် က ဘီဘီစီ ကို ပြော ပါတယ်။

သမိုင်းဝင် ဘုရား ထပ် မပျက်စီး သွား အောင် ထိန်းသိမ်း တဲ့ နည်း တွေနဲ့ လုပ်ဆောင် ရကြောင်း၊ ပျက်စီး ပြီး သား ဘုရားပျက် အုတ်ပုံ ဆိုရင် လည်း ဒီ အတိုင်း ထား ကာ အရင် တုန်း က ရှိခဲ့တဲ့ ပုံသဏ္ဍာန် ကို ပန်းချီနဲ့ ဖြစ်စေ၊ ဓာတ်ပုံ နဲ့ ဖြစ်စေ ဘေး က ပူးတွဲ ပြသ ထားခြင်း ဖြင့် လေ့လာ ကြည့်ရှု သူ အတွက် အကျိုးများ နိုင်ကြောင်း သမိုင်း ပညာရှင် ဒေါက်တာ အေးကျော် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ နိုင်ငံမှာ သမိုင်းဝင် ပုဂံ ဘုရားတွေ ကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေ တွေ အဖြစ် ကုလ သမဂ္ဂအနေ နဲ့ အရင် က သတ်မှတ် ခဲ့ပေမယ့် နောက်ပိုင်း မှာ ဘုရားတွေကို ပြင်ဆင် ခဲ့တာ ကြောင့် သတ်မှတ်မှု ကို ပြန် ရုပ်သိမ်း သွားခဲ့ ပါတယ်။