မြို့တော်ခန်းမရှေ့ ဆန္ဒပြမယ့် အစီအစဉ် ပျက်ပြား

  • 5 ဇွန် 2011
Image caption အမတ်လောင်း ၄ ဦးက နိုင်ငံရေး အကျဉ်း သား လွှတ်ရေး ဆန္ဒပြခွင့် တောင်းဆိုထား

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး အတွက် ဆန္ဒပြဖို့ ရန်ကုန်မြို့ မြို့တော် ခန်းမ ရှေ့မှာ စုရုံးရောက်ရှိလာ သူတွေကို လုံခြုံရေးတွက လူစုခွဲခဲ့တဲ့ အတွက် ဆန္ဒပြမယ့် အစီအစဉ် ပျက်ပြားသွားတယ် လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆန္ဒပြဖို့ ရောက်သွားတဲ့ အင်္ဂါဆုတောင်းအဖွဲ့က အမျိုးသမီးတဦးက အခုလို ရှင်းပြပါတယ်။

''သွားတဲ့အချိန်မှာ အာဏာပိုင် အဖွဲ့အစည်းတွေက ကျွန်မတို့ကိုဝိုင်းထားတာ၊ ရှိတာမှ ကျွန်မတို့မှာ ၁၁ ယောက်လောက်ရှိတာ၊ သူတို့ဝိုင်းထားတာ အယောက် ၃၀ လောက်ရှိတယ်၊ သုံးပွင့်နဲ့တယောက်ကလာပါတယ်၊ ရဲဝတ်စုံနဲ့၊ ဘာပြောလဲဆိုတော့ လူစုခွဲပေးပါတဲ့။''

ဆန္ဒပြဖို့ စီစဉ်သူတွေကတော့ အင်္ဂါနေ့ ဆုတောင်းအဖွဲ့၊ အိမ်မရှင်မများအဖွဲ့၊ အလုပ်သမား လယ်သမားများ ကူရေးအဖွဲ့နဲ့ ညွန့်ပေါင်းသမဂ္ဂ ဖေါ်ဆောင်ရေး အဖွဲ့တို့က ဖြစ်ပြီး စုစုပေါင်း လူ ၁၀ ဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမတ်လောင်း ၄ ဦးဟာလည်း နိုင်ငံရေး အကျဉ်း သားတွေ လွတ်မြောက်ရေး ဆန္ဒပြခွင့် တောင်းဆိုထားတယ်လို့ ဆိုပါတယ်။