မနှစ်က မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စံချိန်တင်

  • 10 ဇွန် 2011
ဓာတ်ပုံ မူပိုင် AFP Getty
Image caption သမ္မတ ဦးသိန်းစိန် တရုတ်ပြည်က အပြန်

ပြီးခဲ့တဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေး နှစ် အတွင်း မြန်မာနိုင်ငံ ဟာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဒေါ်လာ ဘီလီယံ ၂၀ လောက် စံချိန်တင် ခဲ့ ပါတယ်။

အဲဒီ အထဲမှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှု က ဒေါ်လာ ၈ ဘီလီယံ ကျော် ဖြစ်ပြီး အများစုဟာ ရေအား လျှပ်စစ်စွမ်းအင် ထုတ် လုပ်ရေးမှာ မြှုပ်နှံတာ ဖြစ်တယ် လို့ သိရ ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံက ဒေါ်လာ သန်းနှစ်ထောင် ကိုးရာ ကျော် နဲ့ ဒုတိယ နေရာက လိုက် နေပြီး တောင်ကိုရီးယား က ဒေါ်လာ သန်း နှစ်ထောင် ခြောက်ရာကျော် နဲ့ တတိယ နေရာ က ရင်းနှီး မြှုပ်နှံ ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြောင်းလဲမှု ပျက်ကွက်တာ နဲ့ အစိုးရ ရဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ကြောင့် အမေရိကန် နဲ့ ဥရောပ သမဂ္ဂ တို့က စီးပွားရေး ပိတ်ဆို့ အရေး ယူ ထားပေမယ့် အခုလို ရင်းနှီးမြုပ်နှံမှုတွေ တိုးတက် ရရှိနေတာ ဖြစ်ပါတယ်။